အမျိုးသမီး အကျဉ်းထောင်ထဲ မှားယွင်းစွာ အပို့ခံခဲ့ရတဲ့ အမျိုးသား



အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ အမျိုးသမီး အကျဉ်းထောင်ထဲမှားယွင်းစွာ အပို့ခံရတဲ့ကိစ္စအတွက် ရဲတပ်ဖွဲ့ဝင်တွေလည်း ခေါင်းတောက်အောင် စုံစမ်းစစ်ဆေးနေရပါတယ်။

အမျိုးသမီးလို ၀တ်ဆင်ထားတဲ့ Terry Turner ဆိုသူ အမျိုးသားဟာ ခိုးဝှက်မှု တစ်ခုကြောင့်အရေးယူခံခဲ့ရပြီး Shelby ခရိုင် အမျိုးသမီး အကျဉ်းထောင်ကို မှားယွင်းစွာ ပို့ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အစ်မတော်စပ်သူ Sherita Turner က FOX13 သတင်းဌာနကို ပြောပြခဲ့တာကတော့ သူမရဲ့ မောင်ဖြစ်သူဟာ သူဟာ အမျိုးသားတစ်ယောက်ဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောခဲ့ပေမယ့် ရဲအရာရှိတွေနဲ့ တရားရေး အရာရှိတွေကတော့ လက်မခံခဲ့ကြပါဘူးတဲ့။
"သူ့ကို ၀ရမ်းထုတ်တော့ ၀ရမ်း ဓါတ်ပုံထဲမှာ သူဟာ မိန်းကလေးလို ၀တ်ထားတာပါ။ အဲဒါကြောင့် မိန်းကလေးလို့ သတ်မှတ်ခံရတာပါ။ ဒါပေမယ့် သူက တစ်ချိန်လုံး သူ ယောကျာင်္းဖြစ်ကြောင်းကို အရာရှိတွေကို ပြောပြနေခဲ့တာပါ" လို့ Sherita Turner က ဆိုပါတယ်။

Shelby ခရိုင် ရဲတပ်ဖွဲ့ရုံးကတော့ Turner ဟာဘာကြောင့် အမျိုးသမီးထောင်ကို အပို့ခံရပြီး အမျိုးသား ထောင်တွင်း အသုံးအဆောင်တွေမရတာလည်းဆိုတာကို စုံစမ်း စစ်ဆေးမယ်လို့ ဆိုပါတယ်။

"သူ ရေချိုးခန်းထဲရောက်တဲ့အခါမှာ အမျိုးသမီးတွေက သူ့ရဲ့ အမျိုးသားအင်္ဂါကိုတွေ့သွားပြီး အော်ဟစ်ခဲ့ကြပါတယ်။" လို့ ရဲတပ်ဖွဲ့ကို နိုင်ငံသား အခွင့်အရေး အကြမ်းဖက်မှုနဲ့ စွပ်စွဲထားတဲ့ Sherita Turner က ဆိုပါတယ်။

"ရဲတွေအနေနဲ့ သူတို့ အမှားကြီးလုပ်ခဲ့မိတယ်ဆိုတာကို ၀န်ခံရမှာပါ။ ကျွန်မ မောင်လေး ဘာလဲဆိုတာကို ရိုးရှင်းစွာ လက်ခံနိုင်ဖို့လိုပါတယ်။ ဒါဟာ ရဲတွေရဲ့ အမှားပါ" လို့ သူမကဆိုပါတယ်။

Turner ဟာ လက်ရှိမှာ လွတ်ရက် မရောက်ခင်အထိ အကျဉ်းကျ ပြစ်ဒဏ်ခံရဖို့ အမျိုးသား အကျဉ်းထောင်ကို ပြောင်းရွှေ့ခံလိုက်ရပြီ လို့ သိရပါတယ်။
( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment