နိုင်ငံမပြောင်းလဲသေးဘူးပြော သူတွေကို ဦးဌေးဦး ဝေဖန်


 အောက်တိုဘာလ ၂ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဟသာင်္တမြို့နယ် ရှားခဲကျေးရွာမှာ ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဌ ဦးဌေးဦး မဲဆွယ်စည်းရုံးဟောပြောစဉ်။ Photo: Wai Yan Moe Myint/RFA
  အပြောင်းအလဲကို လက်တွေ့လုပ်ဆောင်မှုမှာ မပါတဲ့သူတွေကသာ မပြောင်းလဲသေးဘူးလို့ ပြောနေကြ တာဖြစ်တယ်လို့ လက်ရှိမြန်မာနိုင်ငံရဲ့ အပြောင်းအလဲနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဌ ဦးဌေးဦးက မဲဆွယ်စည်းရုံးရေး ခရီးစဉ်မှာ ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ဟသာင်္တမြို့နယ်က ရှားခဲကျေးရွာမှာ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲမှာ ဦးဌေးဦး က ပြောလိုက်တာဖြစ်ပါတယ်။

"ဒီလိုပြောင်းလဲလာတယ်ဆိုတဲ့ဥစ္စာသည် တစ်အချက်က ကျနော်ပြောရဲတာက ဒီလိုပြောင်းလဲလာအောင် လုပ်တဲ့လူတွေသည် ပြေားလဲလာတာကို သိတဲ့လူတွေပဲဖြစ်မယ်၊ မသိတဲ့လူတွေတော့ သူတို့မပါလို့မသိတာလို့ ကျနော် ဒါတင်ပြချင်ပါတယ်၊ မပြောင်းလဲသေးဘူးဆိုတာ ဒီလုပ်တဲ့အထဲမှာမပါတဲ့အတွက် သူတို့ဒီအခြေအနေ ကိုမသိတဲ့အတွက် မပြောင်းလဲဘူးလို့ ပြောနေတယ်လို့ပဲ ကျနော်ယူဆပါတယ်"

ဦးဌေးဦးရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်မှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေက ဆိုင်ကယ်တွေနဲ့ လှည့်လည်ခဲ့ကြပြီး ဟသာင်္တမြို့နယ် ရှားခဲကျေးရွာအုပ်စုက မဟာဇေယျဓမ္မရတနာ တန်ဆောင်းတော်ကြီး ဓမ္မာရုံမှာ လူထုနဲ့တွေ့ဆုံ ဟောပြောခဲ့တာဖြစ်ပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ ဟသာင်္တမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်း၊ တိုင်းဒေသကြီး ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဧရာဝတီတိုင်း သစ်တောနဲ့ သတ္တုဝန်ကြီး ဦးစိုးမြင့်နဲ့ ဒေါက်တာ သိမ်းစိုးတို့ကို လူထုနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။

ဦးဌေးဦးဟာ ဟသာင်္တမြို့ကို မနေ့က စတင်ရောက်ရှိခဲ့တာဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီက ဦးစီးဆောင်ရွက်ပေးခဲ့တဲ့ စာသင်ကျောင်းဆောင်တွေနဲ့ ကွန်ကရစ်လမ်းဖွင့်ပွဲတွေကို တက်ရောက်ဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment