ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဂျပန်နိုင်ငံသားတစ်ဦး ပစ်သတ်ခံရ


 ဒါကာ အောက်တိုဘာ ၃

 ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အောက် တိုဘာ ၃ ရက်အစောပိုင်းက ဂျပန် နိုင်ငံသားတစ်ဦး ပစ်သတ်ခံခဲ့ရ ကြောင်း ဒေသဆိုင်ရာ မီဒီယာများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဂျပန်သံရုံး က ပြောကြားသည်။

ဂျပန်အမျိုးသား တစ်ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ဘက် ရန်ပူးရ်ခရိုင်ရှိ ကျေးရွာတစ်ရွာတွင် မည်သူမည်ဝါဟုမသိရသည့် သေနတ် သမားများက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဆေးဝါးကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်နေစဉ် လမ်းခရီးတွင်သေဆုံး ခဲ့ခြင်းဖြစ်သည်ဟု မီဒီယာများက သတင်းဖော်ပြသည်။

အသက် (၅၅) နှစ်အရွယ် ဂျပန် နိုင်ငံသား ဟိုရှီကူနီယို ဆိုသူမှာ ဒေသဆိုင်ရာ ပရဟိတလုပ်ငန်းများ နှင့် စိုက်ပျိုးရေးစီမံကိန်းတစ်ခုတွင် ပါဝင်လုပ်ဆောင်နေသူတစ်ဦးဖြစ်ပြီး မည်သူမည်ဝါဟုမသိရသည့် မျက်နှာ ဖုံးစွပ် သေနတ်သမားနှစ်ဦးက မော်တော်ဆိုင်ကယ်စီးနင်းပြီး ၄င်းအား ပစ်ခတ်ခဲ့ရာ ရင်ဘတ်၊ လက်နှင့် ခြေထောက်များတွင် သေနတ်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၄င်း၏ရုပ်အလောင်းကို ရန်ပူးရ်ဆေးဘက်ကောလိပ်ဆေးရုံ တွင် လောလောဆယ်ထားရှိကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ သို့သော် ယင်းဖြစ်စဉ် နှင့်ပတ်သက်၍ မည်သူမည်ဝါ၏ လက်ချက်ဖြစ်သည်ကိုမူ မသိရ သေးပေ။

ယခု ဂျပန်နိုင်ငံသား ပစ်သတ်ခံ ရမှုမှာ ပြီးခဲ့သည့်သီတင်းပတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပရဟိတ လုပ်ငန်း လုပ်ဆောင်နေသူ အီတလီ နိုင်ငံသား ဆီဆာရီတာဗီလာ ဆိုသူကို ဒါကာမြို့၌ အသတ်ခံခဲ့ပြီးနောက် ရက်အနည်းငယ်အတွင်းမှာပင် ဖြစ် ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း၊ ဆီဆာရီ တာဗီလာကို အိုင်အက်စ်အဖွဲ့၏ လက်ချက်ဖြင့် သေဆုံးသည်ဟု ယူဆရကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဆိုသည်။

ယခုအခါ အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ၄င်းတို့၏ နိုင်ငံသားများအား ဘေးကင်းလုံခြုံမှု ရှိစေရန် သတိတရားဖြင့် ဆင်ခြင် သွားလာနေထိုင်ကြရန် အသိပေးထား သည်။

ကျိုဒိုနယူးစ်။
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment