အထက်ပုဇွန်တောင်လမ်းမကြီးပေါ်တွင် ကားသုံးစီးဆင့်ကဲတိုက်


 ရန်ကုန် အောက်တိုဘာ ၃

 ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်း ရပ်ကွက်(၉)လမ်းအနီး အထက်ပုဇွန်တောင်လမ်းမကြီး ပေါ်တွင် ယနေ့နံနက် ၈ နာရီခွဲက ယာဉ်သုံးစီးဆင့်ကဲ တိုက်မှုဖြစ်ပွားခဲ့သည်။

အထက်ပုဇွန်တောင်လမ်းမကြီးပေါ် တောင်ဘက်မှ မြောက်ဘက်သို့ မောင်းနှင်လာသော အငှားယာဉ် BB/- ------သည် မြောက်မှတောင်သို့မောင်းနှင်လာသော ရေသန့် ဘူးများ တင်ဆောင်လာသည့် အဖြူရောင်တောင်းအေ့စ် လိုက်ထရပ်ယာဉ် 8K ----နှင့် မျက်နှာချင်းဆိုင် တိုက်မိ ခဲ့သည်။

ရေသန့်ကားမှာ တိမ်းမှောက်သွားခဲ့ပြီး မြောက်မှတောင်သို့ မောင်းနှင်လာသော ဒန်ပေါက်ထမင်း အိုးများတင်ဆောင်လာသည့် အဖြူရောင်တိုယိုအေ့စ် လိုက်ထရပ်ယာဉ် 9F/ ----ကို အငှားယာဉ်က ထပ်မံတိုက်ကာ ကားသုံးစီးစလုံး ပျက်စီးသွားခဲ့သည်။ ရေသန့်ကား ပေါ်မှ (၁၉)နှစ်အရွယ်လူငယ်တစ်ဦးမှာ ဒဏ်ရာအနည်းငယ်ရသွား ခဲ့ရာ ရန်ကုန်ပြည်သူဆေးရုံကြီးသို့ တင်ပို့ကုသခဲ့သည်။

စက်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ထွဋ်က ''ဒီလမ်းက ခြောက်လမ်းသွားဆိုတော့ကျယ်တယ်။ အဲဒီ တော့ အရှိန်မထိန်းနိုင်ဘဲ တိုက်ကြ၊ မှောက်ကြတော့တာပေါ့။ ပြောရမယ်ဆိုရင် ဒီလမ်းမှာသုံးရက်တစ်ကြိမ်လောက် ကားတိုက်စံနှုန်းရှိတယ်လို့ ပြောရမယ် အခုလည်း လမ်းပေါ်ပုံထားတဲ့ မြေကြီးခဲတွေတိုက်ပြီး အရှိန်မထိန်း နိုင်ဘဲ ဖြစ်သွားတာ''ဟု ဆိုသည်။

အောင်သန်း(မင်္ဂလာတောင်ညွန့်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment