အင်​ဒို​နီး​ရှား​မှာ ​ခ​ရစ်​ယာန်​ဘု​ရား​ကျောင်း​တွေ ​မီး​ရှို့​ခံ​ရ


အာ​ချေး ​ပြည်​နယ်​ဟာ ​အင်​ဒို​နီး​ရှား​မှာ ​အ​စ္စ​လာ​မ္မစ် ​ဥ​ပ​ဒေ ​ကျင့်​သုံး​တဲ့ ​ပြည်​နယ် ​ဖြစ်။
အင်​ဒို​နီး​ရှား ​နိုင်​ငံ၊ ​အာ​ချေ ​ဒေ​သ​မှာ ​ဒီ​က​နေ့ ​အ​င်္ဂါ​နေ့​က ​ဖြစ်​ပွား​ခဲ့​တဲ့ ​ပ​ဋိ​ပ​က္ခ​တွေ​အ​တွင်း ​ခ​ရစ်​ယာန် ​ဘု​ရား​ကျောင်း ၂ ​ကျောင်း ​မီး​ရှို့ ​ခံ​ရ​ပြီး ​အ​နည်း​ဆုံး ​လူ ၁ ​ဦး ​သေ​ဆုံး ​ခဲ့​တယ်​လို့ ​အင်​ဒို​နီး​ရှား ​အာ​ဏာ​ပိုင်​တွေ​က ​ပြော​ပါ​တယ်။

အာ​ချေး ​ပြည်​နယ်​မှာ ​ရာ​နဲ့​ချီ​တဲ့ ​မွတ်​ဆ​လင်​တွေ​က ​ခ​ရစ်​ယာန် ​ဘု​ရား​ကျောင်း ​တစ်​ကျောင်း​ကို ​ပ​ထ​မ ​တိုက်​ခိုက်​ခဲ့​ပြီး ​မီး​ရှို့ ​ခဲ့​ကြ​တယ်​လို့ ​သ​တင်း​တွေ​က ​ဆို​ပါ​တယ်။

အဲ​ဒီ​နောက် ​တိုက်​ခိုက်​သူ​တွေ​က ​နောက်​ထပ် ​ရို​မန် ​ကက်​သ​လစ် ​ဘု​ရား​ကျောင်း ​တစ်​ကျောင်း​ကို​လည်း ​ထပ်​မံ ​မီး​ရှို့ ​ဖျက်​ဆီး ​ခဲ့​တယ်​လို့ ​လူ့​အ​ခွင့်​အ​ရေး ​အ​ဖွဲ့​တစ်​ခု​က ​ပြော​ပါ​တယ်။

တ​တိ​ယ​မြောက် ​ဘု​ရား​ကျောင်း​ကို ​ဖျက်​ဆီး​ဖို့ ​ကြိုး​စား​စဉ်​မှာ ​ဘု​ရား​ကျောင်း​ကို ​ခု​ခံ​တဲ့ ​ခ​ရစ်​ယာန်​တွေ၊ ​ရဲ​တွေ​နဲ့ ​တိုက်​ခိုက်​သူ ​မွတ်​ဆ​လင်​တွေ ​အ​ကြား ​ထိပ်​တိုက် ​တွေ့​ခဲ့​ကြ​ရာ​မှာ ​မွတ်​ဆ​လင် ​တစ်​ယောက် ​သေ​ဆုံး ​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

အင်​ဒို​နီး​ရှား ​နိုင်​ငံ​ဟာ ​အ​ဓိ​က ​မွတ်​ဆ​လင် ​နိုင်​ငံ ​ဖြစ်​ပေ​မယ့် ​လူ​နည်း​စု​တွေ ​အ​ဖြစ် ​ခ​ရစ်​ယာန်၊ ​ဟိ​န္ဒူ၊ ​ဗု​ဒ္ဓ​ဘာ​သာ​နဲ့ ​ကွန်​ဖြူး​ရှပ် ​ဝါ​ဒီ​တွေ​လည်း ​ရှိ​ကြ​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment