ကြွက်သားများဖြင့် ချောမော လှပနေသော မော်ဒယ်

အေသင်အောင်               
         အသက် (၂၀)နှစ်သာ ရှိသေးသည့် အမျိုးသမီးငယ် တစ်ဦး၏ ပုံစံသည် ကြွက်သားများနှင့် ဖြစ်နေသောကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ အမျိုးသမီး တစ်ဦးသည် အလှအပ အတွက် ကာယ လေ့ကျင့်ခန်းများ ပြုလုပ်လေ့ ရှိသော်လည်း ကြွက်သားများ ရှိလာအောင် ပြုလုပ်ခြင်းသည် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ မက်ဂီရပ်ဆဲလ် အမည်ရ သြစတြေးလျနိုင်ငံသူ တစ်ဦးသည် ကာယမော်ဒယ် အဖြစ် ဆောင်ရွက်လေ့ ရှိပြီး၊ ယင်းကဲ့သို့ ဖြစ်အောင် နေ့စဉ် စနစ်တကျ လေ့ကျင့် နေရကြောင်း သိရသည်။ မက်ဂီရပ်ဆဲလ်သည်  အလှအပ၊ ဖက်ရှင် နှင့် ကြံ့ခိုင်မှု (၃) ခု ပူးတွဲ ကျင်းပသည့် ကမ္ဘာ့ ချန်ပီယံရှစ် ပြိုင်ပွဲသို့ ၀င်ရောက် သွားရန် စီစဉ် ထားကြောင်း သိရသည်။
          မက်ဂီရပ်ဆဲလ်သည် ကာယ မော်ဒယ် ဖြစ်အောင် နေ့စဉ် လေ့ကျင့် ယူခဲ့သည်။ ကာဘွန်ဟိုက်ဒရပ်ပါသည့် အစားများကို လုံးဝ ရှောင်ပြီး၊ တစ်နေ့ကို လေ့ကျင့်မှု နှစ်ကြိမ် ပြုလုပ်လေ့ ရှိသည်။ မက်ဂီရပ်ဆဲလ်က မိမိ အနေဖြင့် ကာယ လေ့ကျင့်ခန်းကို တစ်ပတ် (၆) ကြိမ် ပြုလုပ်ကြောင်း၊ နှလုံးနှင့် သက်ဆိုင်သည့် လေ့ကျင့်ခန်းကိုလည်း တစ်ပတ် (၇) ကြိမ် ပြုလုပ်ကြောင်း၊ လေ့ကျင့်ရေး ခန်းမတွင် တစ်နေ့ကို (၄) နာရီ လေ့ကျင့်ကြောင်း၊ အစားအစာကိုလည်း သတိထားစားလေ့ ရှိကြောင်း ဟြေကြား ခဲ့သည်။ မက်ဂီရပ်ဆဲလ်သည် တစ်နေ့ကို ကယ်လိုရီ (၁၁၀၀) ပါဝင်သည့် ပရိုတိန်းနှင့် ဟင်းသီး ဟင်းရွက်များကိုသာ စားသုံးလေ့ ရှိသည်။ အချိုများကို စားသုံးသော်လည်း အနည်းငယ်သာ စားလေ့ရှိကြောင်း သိရသည်။ မက်ဂီရပ်ဆဲလ်သည် အင်စတာဂရမ်တွင် ပရိသတ် အများအဟြး ပိုင်ဆိုင် ထားပြီး သူ၏ ထူးခြားသော ဆယ်လ်ဖီပုံများကိုလည်း မကြာခဏ တင်လေ့ရှိသည်။ မက်ဂီရပ်ဆဲလ်သည် ပြိုင်ပွဲ ၀င်ရန် စီစဉ် ထားသော်လည်း ယင်းပြိုင်ပွဲသည် ကာယဗလမယ်များ အတွက် ပြုလုပ်သည့် ပြိုင်ပွဲ ဖြစ်သောကြောင့် အခက်အခဲ ရှိနိုင်ကြောင်း သိရ သည်။
               မက်ဂီရပ်ဆဲလ်တွင် ရှိသည့် ကြွက်သားများသည် အခြား ကာယဗလမယ်များနှင့် ယှဉ်လျှင် သေးငယ် နေသည်။ မက်ဂီ ရပ်ဆဲလ်သည် ကာယမော်ဒယ် ဖြစ်သောကြောင့် လက်ရှိ အနေအထား ပိုကြီးသည့် ကိုယ်ခန္ဓာကို အလိုမရှိကြောင်း သိရသည်။                                     The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment