ဘေရွတ် အောက်တိုဘာ ၂
ဆီးရီးယားအရေးသည် ဒေသအရေးနှင့် ကမ္ဘာ့အရေး ဖြစ်လာဖွယ်ရှိပြီး ရာပေါင်းများစွာသော အီရန်တပ်ဖွဲ့ ဝင်များက သမ္မတအာဆတ်၏ အဓိကမြေပြင်ထိုးစစ်အတွင်း အကူအညီပေးရန် ဆီးရီးယားသို့ရောက်ရှိလာကြောင်း လက်ဘနွန်သတင်းရပ်ကွက်က ကြာသပတေးနေ့တွင် ပြောသည်။
ထိုအတောအတွင်း ရုရှားစစ်လေယာဉ်များက ဒုတိယ နေ့အဖြစ် အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ)က လေ့ကျင့်သင်ကြားပေးထားသော သူပုန်စခန်းကို ဗုံးကြဲချလိုက်ပြီဖြစ်ရာ မော်စကိုနှင့် ဝါရှင် တန်တို့သည် စစ်အေးခေတ်ပြီးကာလ ပထမဆုံးအကြိမ် အဖြစ် အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်း ဝင်ရောက်လာ ခြင်းကြောင့် အဆိုပါ အုပ်စုတပ်မှူးက ပြောဆိုလိုက်သည်။
အမေရိကန်နှင့် ရုရှားထိပ်တန်း တာဝန်ရှိသူများသည် ကြာသပတေးနေ့က လေကြောင်းမှ ဆီးရီးယားပစ်မှတ် များကို အပြိုင်တိုက်ခိုက်နေသဖြင့် ဘေးကင်းလုံခြုံ ရေးနှင့်ပတ်သက်၍ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တစ်နာရီ ကျော်ကြာ ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
''ကျွန်တော်တို့အနေနဲ့ ဆီးရီးယားစစ်ဆင်ရေးမှာ ဘေးကင်းလုံခြုံရေးကို အတတ်နိုင်ဆုံး ဦးစားပေး လုပ်ဆောင်သွားမှာဖြစ်ပါတယ်''ဟု ပင်တဂွန်ပြောရေး ဆိုခွင့်ရှိသူ ပီတာကွတ်က ပြောသည်။
ရာပေါင်းများစွာသော အီရန်တပ်ဖွဲ့ဝင်များသည် လွန်ခဲ့သော ၁ဝ ရက်က လက်နက်များနှင့် အတူ အဓိက မြေပြင်ထိုးစစ်တွင်ပါဝင်ရန် ဆီးရီးယားသို့ရောက်ရှိနေ ကြောင်း လက်ဘနွန်သတင်းရပ်ကွက်နှစ်ခုက ပြောသည်။
၎င်းတို့အား အာဆတ်၏ လက်ဘနွန် မဟာမိတ် များနှင့် အီရတ်မှ ရှီးယိုက်တိုက်ခိုက်ရေးသမားများက ကျောထောက်နောက်ခံပြုထားပြီး ရုရှားက လေကြောင်းမှ ပစ်ကူပေးထားသည်။
ဆီးရီးယားမှရောက်ရှိနေသည့် ရာပေါင်းများစွာသော အီရန် မြေပြင်တပ်များအနေဖြင့် အကြံပေးမဟုတ်ဘဲ တိုက်ပွဲတွင်ပါဝင်မည်ဖြစ်ကြောင်း၊ စစ်လက်နက်များ လည်းပါဝင်ကြောင်း လက်ဘနွန်သတင်းရပ်ကွက်က ပြောသည်။
(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

0 comments:
Post a Comment