အရှည်ခြောက်ပေခွဲခန့်ရှိ စပါးကြီးမြွေတစ်ကောင် ရပ်ကွက်အတွင်းတွေ့ရှိ


 ဆားလင်းကြီး အောက်တိုဘာ ၆

 စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် အမှတ်(၁) ရပ်ကွက် မြေစွန်ရပ်နေ ဒေါ်လှဝင်း၏နေအိမ်အတွင်းသို့ အောက်တိုဘာ ၂ ရက် နံနက် ၁၂ နာရီခွဲက အရှည်ခြောက်ပေခွဲခန့်ရှိ စပါးကြီးမြွေတစ်ကောင် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အိမ်ရှင်ဖြစ်သူ ဒေါ်လှဝင်း၏ပြောပြချက်အရ ယင်းစပါးကြီး မြွေကြီးသည် တောင်မှမြောက်သို့ ကားလမ်းမကိုဖြတ်ကူးပြီး အိမ်အတွင်း သို့ ည ၁၂ နာရီကျော်ခန့်က ဝင်ရောက်လာခဲ့ကြောင်း ပြောပြသည်။

ရပ်ကွက်နေလူငယ်လေးများက အဆိုပါ မြွေကြီး၏အသက်အန္တရာယ်နှင့် အခြားသောလူနှင့် တိရစ္ဆာန်များ၏ ဘေးအန္တရာယ် ဖြစ်မည်ကို စိုးရိမ်ကြသောကြောင့် ဆည်ဦးတောရ ဘုန်းတော်ကြီးကျောင်းတိုက်သို့ ပို့ဆောင်ထားခဲ့ကြောင်း၊ ဆည်ဦးဘုန်းတော်ကြီးကျောင်းထိုင် ဆရာတော်ကြီးက လူနှင့်တိရစ္ဆာန်တို့၏ အသက်အန္တရာယ်တစ်စုံ တစ်ရာမဖြစ်စေရေးအတွက် သံဆန်ခါ လှောင်အိမ်ဖြင့်ထည့်၍ ယာယီကျွေးမွေးစောင့်ရှောက်ထားကြောင်း သိရသည်။

 ဦးငယ်(ဆားလင်းကြီး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment