တင့်ကား ၀ယ်ပြီး ရပ်စရာနေရာ မရှိလို့ အိမ်ပြောင်းရတော့ မယ့် အမျိုးသား

အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ အိပ်ခန်း၂ ခန်းပါ တိုက်ခန်းကနေ ပြောင်းရွှေ့ဖို့ဖြစ်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ မက်ထရစ်တန် ၇ တန် လေးလံတဲ့ သံချပ်ကာ ကားတစ်စီးကို ၀ယ်ယူခဲ့လို့ပါ။

Jeff Woolmer ဆိုသူ အမျိုးသားဟာ စစ်တပ်သုံး မော်တော်ယာဉ် ( တင့်ကား ) အဟောင်း တစ်စင်းကို ၀ယ်ယူပြီး တဲ့နောက် ထိုတင့်ကားကို ပါကင်ထိုးဖို့ ကိစ္စဟာ ပြသနာ တစ်ခုသဖွယ်ဖြစ်လာခဲ့တဲ့နောက်မှာတော့ သူဟာ အိမ်ကနေ ရွှေ့ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ထို ကနေဒါစစ်တပ် ပိုင် စစ်လက်နက်(တင့်ကား) အဟောင်းကို Mr Woolmer ဟာ စတာလင်ပေါင် ၉၀၀၀ ပေးပြီး လေလံတင်တဲ့ ၀က်ဘ်ဆိုက်တစ်ခုကနေ ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော် မေ့ပြီးဝယ်လိုက်မိတာပါ။ အလုပ်ထဲမှာရောက်နေတော့မှ ဖုန်းဆက်ပြီး ဟယ်လို ဆရာ သင် တင့်ကားတစ်စီး ၀ယ်ယူထားပါတယ် လို့ အကြောင်းကြားလာတာပါ။ တစ်ရုံးလုံးက ကျွန်တော့်ကို ၀ိုင်း ရယ်ခဲ့ကြပါတယ်။" လို့ Mr Woolmer က ဆိုပါတယ်။

Mr Woolmer ဟာ ဗြိတိန် နိုင်ငံ Bristol မြို့ ရဲ့ အစွန်အဖျားက တင့်ကား သိမ်းဆည်း ရပ်နားနိုင်မယ့် ဧရာမ အိမ်တစ်လုံးကို ပြောင်းရွှေ့ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ CVRT အမျိုးအစား Scorpion တင့်ကား အသေးစားလေးဟာ အရှိန်အားဖြင့် တစ်နာရီကို မိုင် ၅၀ နှုန်းအထိ သွားနိုင်ပြီး ၇၅ မီလီမီတာ ကျယ်တဲ့ အမြှောက်တစ်ခုလည်း ပါဝင်ပါတယ်။ ဒါပေမယ့် ထို အမြှောက်ကတော့ အသုံးပြုလို့မရနိုင်တော့ပါဘူး။

လက်ရှိမှာတော့ Mar Woolmer ဟာ Bradley Stroke မြို့မှာ ရပ်ထားတဲ့ ထိုတင့်ကားပေါ်မှာသာ နေထိုင်နေရပြီး သူ့ကိုတော့ ပတ်ဝန်းကျင်က လူတွေက တင့်ကား လူသားလို့ ၀ိုင်းဝန်းနောက်ပြောင်နေကြပါတယ်။ Mr Woolmer ကတော့ သူ့ရဲ့ တင့်ကားဟာ အိမ်နဲ့တူတယ်လို့ ထင်မြင်ကြောင်းပြောပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment