ဆွဲဆောင်မှုအရှိဆုံး တက္ကသိုလ်မှ ကျောင်းဆရာမ

အဆိုပါ ကျောင်းဆရာမသည် ဒါလီယန်ပိုလီကျောင်းတွင် အနုပညာ ဘာသာရပ်ကို သင်ကြားပို့ချနေသူ ဖြစ်သည်။ အသက် ကလည်း (၂၃) နှစ်သာ ရှိသေးသောကြောင့် အဆိုပါ ဆရာမ၏ လူပ်ရှားမူများကို လူမူကွန်ရက်တွင် ဖြန့်ဝေမှုများ ပြုလုပ်ခဲ့ကြသည်။ လျူအမည်ရ ဆရာမသည် ကိုယ်ခန္ဓာ အသားပေး ဓာတ်ပုံများကြောင့် ထင်ရှားလာခြင်း ဖြစ်သည်။ လျူသည် ကာယလေ့ကျင့်ခန်းများ ပြုလုပ်ရာတွင် ဆွဲဆောင်မူရှိသည့် အ၀တ်အစားများကို ၀တ်ဆင်ပြီး ကိုယ်ခန္ဓာအလှကို ဖော်ထုတ်ပြသခဲ့သည်။ ယင်းနောက် ဓာတ်ပုံရိုက်ကာ လူမှုကွန်ယက်တွင် တင်ရှိခဲ့သည်။

ထို့ပြင် စက်ဘီးစီးခြင်း၊ စာသင်ကြားခြင်း စသည့် ဓာတ်ပုံများကို တင်ရှိခဲ့သည်။ လျူသည် ၀ီဘို လူမူကွန်ရက်တွင် ပရိသတ်ပေါင်း (၂၃၀၀၀၀) ကျော် ပိုင်ဆိုင်ထားသည်။ ယခုအခါ လျူ၏ အကြောင်းအရာများသည် လူပြောအများဆုံး ဖြစ်နေသည်။ လျူသည် နန်ကျင်းတက္ကသိုလ်တွင် ၀ိဇ္ဇာဘာသာရပ်ဖြင့် ဘွဲ့ရရှိထားသူဖြစ်သည်။လျူသည် ပညာရပ်တွင် သာမက အနုပညာ လှုပ်ရှားမူများတွင်ပါ အောင်မြင်နေသူ ဖြစ်သည်။ လက်ရှိအချိန်တွင် မော်ဒယ် အလုပ်ကိုသာမက ရုပ်သံဇာတ်လမ်းများတွင်ပါ သရုပ်ဆောင်ထားကြောင်း သိရသည်။ တရုတ်နိုင်ငံတွင် လူမှုကွန်ယက်ကြောင့် ထင်ရှားလာသူ အများအပြား ရှိသည်။ သို့သော် ဒါလီယန်ပိုလီ တက္ကသိုလ် ကျောင်းသားများက လျူသည် ကျောင်းတွင် ဆရာမအဖြစ် သင်ကြားမူ ပြုလုပ်ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။ ယင်းဖြစ်ရပ်ကို ကျောင်းက မည့်သည့်မှတ်ချက်မှ ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။ မည်သို့ပင်ဖြစ်စေ လျူသည် တရုတ်နိုင်ငံတွင် ထင်ရှားသူတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
messenger news journal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment