၇ ဖွဲ့နဲ့ရေးထိုးမယ့် NCA ကြောင့် ပြည်တွင်းစစ် မရပ်စဲနိုင်ဘူးလို့ UNFC ပြော


 ရန်ကုန်မြို့ Green Hill Hotel မှာ ဇွန်လ ၂၃ ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာကို တွေ့ရစဉ်။ Photo: Kyaw Lwin Oo/ RFA
 တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA စာချုပ်လက်မှတ်ရေးထိုးရေးမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ အားလုံးပါဝင်ခြင်းမရှိတာဟာ စာချုပ်ပြီးပြည့်စုံမှုမရှိဘူးလို့ UNFC လို့ခေါ်တဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီက သဘောထားကြေညာချက်တစ်စောင် ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ရေးစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့ပြီး ၁၁ ဖွဲ့ကတော့ အားလုံးပါဝင်မှ လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အခုလိုအားလုံးပါဝင်မှု မရှိတာကြောင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ပြည့်စုံခြင်းမရှိတဲ့အပြင် ပြည်တွင်းစစ်လည်း မရပ်စဲနိုင်ဘူးလို့ UNFC အဖွဲ့ ဒုတိယဥက္ကဌ ဦးနိုင်ဟံသာက ပြောပါတယ်။

NCA လက်မှတ်ရေးထိုးပြီးနောက် ဆက်လက်ပြုလုပ်မယ့် အစည်းအဝေးတွေမှာ လက်မှတ်ရေးထိုးခြင်းမရှိတဲ့ အဖွဲ့တွေကိုပါ တက်ရောက်ခွင့်ပေးမှာဖြစ်ပေမယ့် ဆွေးနွေးခွင့်တော့ မပြုဘူးလို့ ဆိုပါတယ်။ ဒီအခြေအနေတွေအရ လက်မှတ်ရေးထိုးနိုင်ခြင်းမရှိတဲ့ အဖွဲ့တွေထဲက အစည်းအဝေးကို မတက်ရောက်တာတွေလည်း ဖြစ်နိုင်တယ်လို့ ဦးနိုင်ဟံသာက ပြောပါတယ်။

UNFC ရဲ့ ကြေညာချက်မှာ NCA စာချုပ်ပါ သဘောတူညီချက်တွေအရ လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးရေး မူဘောင်ရေးဆွဲတာ၊ နှစ်ဘက်တပ်တွေလိုက်နာရမယ့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေအပါအဝင် ဆွေးနွေးပွဲတွေမှာ အားလုံးပါဝင်မှသာလျှင် အဓိပ္ပါယ်ပြည့်ဝမှာဖြစ်တယ်လို့ ဆိုပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/nca-signing-unfc-speak-10032015113355.html
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment