လူလုပ်သားထက် လုပ်အားခ ပိုမိုသက်သာမယ့် စက်ရုပ်တွေ Samsung ဖန်တီးပြုလုပ်မယ်


ရှေ့အနာဂတ်မှာဆိုရင် ပိုက်ဆံရှိ ချမ်းသာတဲ့လူတွေဟာ ပိုက်ဆံပိုရှာနိုင်ဖို့ စက်ရုပ်တွေ အသုံးပြုကြမှာဖြစ်သလို ဒါဟာ ကျွန်ုပ်တို့ အားလုံးအကျိုးအမြတ်ခံစားကြမှာဖြစ်ပါတယ်။
Samsung ရဲ့ ကြီးမားတဲ့ စီမံကိန်းသစ်မှ အရိပ်အမြွက်ပြထားတဲ့ ရှေ့ရေးလျို့ဝှက် အစဉ်အစီတစ်ခုအကြောင်း ပြောပါရစေ။ တရုတ်နိုင်ငံစက်ရုံအလုပ်ရုံမှာ အလုပ်လုပ်နေကြပြီး စိတ်ပျက်ဖွယ်ကောင်းစွာ လုပ်အားခနှိမ်ပေးခံရသူတွေထက်တောင် လုပ်အားခပိုမို သက်သာမယ့် စက်ရုပ်တွေဖန်တီးပြုလုပ်ဖို့ အစီမံတစ်ရပ်ဖြစ်ပါတယ်။
တောင်ကိုရီးယားရဲ့ Ministry of Trade, Industry and Energy နဲ့ ပူးတွဲဆောင်ရွက်တဲ့ ယင်းစီမံကိန်းဟာ တောင်ကိုရီးယားဝမ်ငွေ ၆.၇၅ ဘီလျှံ ငွေသားပမာဏ ထောက်ပံ့မှု ရရှိထားပြီး တရုတ်နဲ့ ဈေးအပြိုင် လျှော့ရောင်းမယ့် စက်ရုံများ တည်ထောင်ဖို့ ရည်ရွယ်ထားပါတယ်။
ဒီစီမံကိန်းအလုပ်ဖြစ်ပါက အကျိုးမြတ်များစွာရတဲ့ ကန်ထရိုက်တွေ တောင်ကိုရီးယားက ရရှိခံစားနိုင်မှာဖြစ်ပါတယ်။
အဲဒီလိုသာဖြစ်ခဲ့ပါက လူသားများအလုပ်အကိုင်ရှာဖွေမှုရဲ့ စိတ်ပျက်စရာ ကာလဆီ ညွန်ပြနေပါတယ်။ ယခုအချိန်ထိတော့ အလုပ်များစွာ အာမခံထားပါတယ်။ ဘာကြောင့်လဲဆိုရင် လူသားတွေ စက်ပစ္စည်းကိရိယာများထက် ပိုဈေးသက်သာ နေသေးလို့ပဲ ဖြစ်ပါတယ်။
Ref: Metro
Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment