တောင်သူလယ်သမားဘ၀ ၀င်ငွေ နှစ်ဆတိုးအောင် ဆောင်ရွက်ပေးမည်ဟု ဦးမြင့်လှိုင် ပြော


“ပြည်သူလူထုအတွက် အစွမ်းကုန်အားထုတ်ပေးတဲ့ ကျွန်တော့်ကို မဲပေးကြပါ”

“နိုင်ငံနဲ့ပြည်သူ့အကျိုးအတွက် ရိုးသားစွာ ယှဉ်ပြိုင်သွားပါမယ်”

“တောင်သူလယ်သမားဘ၀ ၀င်ငွေနှစ်ဆတိုးရန် ဆောင်ရွက်ပေးပါမယ်၊ မနက်ဖြန်မှစပြီး တနှစ် နှစ်နှစ်အတွင်း ပြည်သူတွေဘ၀ တိုးတက်ဖို့အတွက် ဆောင်ရွက်ပေးပါမယ်၊ တွေဝေနေစရာ မလိုပါဘူး၊ တခုတည်သော အမျိုးသားရေးပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးကို မဲပေးကြပါ”လို့ ဦးမြင့်လှိုင်က ပြောပါတယ်။

လက်ရှိ လယ်/ ဆည် ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင် (ဒုတိယဗိုလ်ချုပ်ကြီး-ငြိမ်း) သည် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ရွေးကောက်ခံမှာဖြစ်ပြီး စက်တင်ဘာ ၂၃ ရက်၊ နံနက် ၈ နာရီခွဲတွင် ရွှေဂဲအင်းကျေးရွာအတွင်းရှိ
မဲဆွယ်စည်းရုံးစဉ်က ဒက္ခိဏသီရိမြို့နယ်အတွင်း ဦးမြင့်လှိုင်နှင့်ဇနီး ဒေါ်ခင်သန့်ဇင်တို့ ၂၀၁၁ ခုနှစ်က သိမ်းဆည်းထားသည့် ယာမြေကွက်တွေနှင့်ပတ်သက်ပြီး ဂူနှစ်လုံးဆယ်စုရွာသား ဦးခင်မောင်တင့်၏ မေးခွန်းကို ပြေလည်အောင် မဖြေကြားပေးနိုင်ခဲ့ကြောင်း သိရသည်။

ဦးခင်မောင်တင့်က''ကျွန် တော်ကတော့ ဦးခင်မောင်တင့်ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတုန်းက အဘဦးမြင့်လှိုင်ကို မဲပေးခဲ့ တယ်။ ကျွန်တော်တို့ရွာသားတွေ မဲပေးခဲ့လို့ ကိုယ်စားလှယ်ဖြစ်ပြီး လယ်/ဆည်မှာ ပြည်ထောင်စုဝန်ကြီး ဖြစ် သွားပါတယ်။ ၂၀၁၁ ခုနှစ်ကျတော့ ကျွန်တော်တို့ မြေတွေကိုသိမ်းပါတယ်။ ဖြေရှင်းပေးမလားလို့ ကျွန်တော်တို့ စောင့်နေခဲ့ကြပါတယ်။ ဒါပေမဲ့ တောင်သူတွေကို လုံးဝအသိအမှတ်မပြုခဲ့ပါဘူး။ ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်း မရှိပါဘူး။ ၂၀၁၄ ခုနှစ်ကုန်ခါနီးမှာ သိမ်းဆည်းထားတဲ့ ယာမြေတွေကို အုတ်တံတိုင်းတွေခတ်ပါတယ်။ ကျွန်တော် တို့တွေက ဘာမှဖြေရှင်းမှုမပေးသေးဘူး။ ခြံစည်းရိုးမခတ်ပါနဲ့လို့ တောင်းပန်ခဲ့ပါတယ်”လို့ ဦးခင်မောင်တင့်က တင်ပြခဲ့ပါတယ်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment