ဒုက္ခသည်စခန်းသို့ ၆၀ မမ အလုံး ၇၀ ကျော်ကျသည့်အတွက် စစ်ဘေးရှောင် ၁၅၀၀ ကျော် တခြားနေရာသို့ထပ်မံတိမ်းရှောင်ရ


ဓါတ်ပုံ- လဲချားသို့ရောက်ရှိလာသည့် စစ်ဘေးရှောင်များ
နိုဝင်ဘာ ၁၁ ရက် ၂၀၁၅

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူးမြို့နယ် အတွင်း ရှိ ဒုက္ခသည် စခန်းတခု အတွင်းသို့ လက်နက်ကြီးများ ကျရောက်သည့်အတွက်ကြောင့် စစ်ဘေးရှောင်များ တခြားနေရပ်သို့ ထပ်မံ တိမ်းရှောင်နေရသည်ဟု သိရသည်။

နိုဝင်ဘာ ၁၀ ရက် နံနက် ၁၁ နာရီမှ ညနေ ၄ နာရီ အထိ မိုင်းရှူးမြို့နယ် စစ်ဘေး ရှောင်များရှိရာ ဝမ့်ဆော့ကျေးရွာသို့ ၆၀ မမ အမျိုးအစား လက်နက်များဖြင့် အလုံး ၇၀ ကျော် ပစ်ခတ်သောကြောင့် အဆိုပါကျေးရွာရှိ စစ်ဘေးရှောင် ၁၅၀၀ ကျော် နှင့် ဝမ့်ဆော့ဒေသခံများ ကျေးသီးမြို့နယ် ဘက်သို့ လည်းကောင်း၊ မိုင်းရှူးမြို့အဝင် ဆိုင်လျဲန်းမိန်း ဘုန်းကြီးကျောင်းသို့ လည်းကောင်း အသီးသီး ထပ်မံတိမ်းရှောင်ရသည်ဟု မိုင်းရှူးမြို့ ရောက် ဒုက္ခသည်များအား ကူညီပေးနေသည့် ဘုရားဒါယကာ စိုင်းရိန် ကပြောသည်။

“စစ်ဘေးရှောင်တွေက ဝမ့်ဆော့ ကနေ ဝမ့်ဟိုင်း၊ ဝမ့်ဟိုင်းကနေ ကျေးသီး ဘက်ကို ထပ် တိမ်းရှောင်ရ တယ်။ ဒေသခံတွေပါ ပြေးရတယ်အခု။ မိုင်းရှူးဘက်ကိုလာတယ်။ ဆိုင်လျဲန်းမိန်းကျောင်း တိုက်မှာ ရာဂဏန်းရှိတယ်” - ဟု စိုင်းရိန် ကပြောသည်။

ရွေးကောက်ပွဲကာလ တွင် သျှမ်းပြည်တပ်မတော်အား အစိုးရ တပ်မတော်မှ တိုက်ခိုက်မှု ရပ်နားထား သည့်အတွက် ဟိုင်းပါ ရှိ စစ်ဘေးရှောင် ဒုက္ခသည် များ နေရပ်ပြန်သည့်သူ အချို့ ရှိခဲ့ကြောင်း ရွေး ကောက်ပွဲ အပြီး တိုက်ပွဲ ပြန် လည် စတင်သည့်အတွက် ဟိုင်းပါသို့ ဒုက္ခသည်များ ပြန်လည်ရောက် ရှိလာကြောင်း ဒုက္ခသည်အရေးကူညီပေးနေသည့် နန်းစိန် က ပြောသည်။

ယခုတိုက်ခိုက်မှုနှင့် ပတ်သက်၍ မြန်မာအစိုးရ တပ်မတော်ပိုင် မြ၀တီ သတင်း စာက အက်စ်အက်စ် အေ (ဝမ့်ဟိုင်း) အဖွဲ့သည် လူထုအားအကာ အကွယ်ပြု၍ မိုင်းနောင်ရှိ တပ်ဌာနချုပ် အားအကြိမ်ကြိမ် တိုက်ခိုက်သည့် အတွက် ၎င်းတို့အားရှင်းလင်း တိုက် ခိုက်သွားမည်ဟု ရေးသားထားသည်။

နိုဝင်ဘာလ ၁၁ ရက် ညနေ ၆ နာရီတွင်မူ ဝမ့်ဆော့ရွာတွင် တိုက်ပွဲစတင်ဖြစ် ပွါးကြောင်း၊ ဝမ်ဆော့ရွာတွင် ခိုလှုံသော စစ်ဘေးရှောင်များနှင့် ဒေသခံများမှာမူ နိုဝင်ဘာလ ၉ ရက် ညပိုင်းက ထွက်ပြေးကြပြီဖြစ်ကြောင်း သိရပါသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment