ဧရာဝတီတိုင်း မဲရလဒ် ထုတ်ပြန်မှု နောက်ကျမယ်


ဧရာဝတီတိုင်း၊ ဟင်္သာတ ခရိုင်မှာ ကြံ့ခိုင်ရေး ပါတီက နေရာ အားလုံးနီးပါး ရှုံးတယ်လို့ ဆို။ 
 ရွေးကောက်ပွဲ မဲရလဒ်တွေကို ဒီကနေ့ နိုဝင်ဘာ ၉ ရက်က စပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာပေး နေပေမယ့် ဧရာဝတီတိုင်း အတွက် မဲရလဒ်တွေကိုတော့ နောက်ထပ် ၂ ရက်လောက် အကြာ နိုဝင်ဘာလ ၁၁ ရက်နေ့မှသာ ထုတ်ပြန် နိုင်လိမ့်မယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးအောင်မြင့်က ပြောပါတယ်။

လမ်းပမ်း ဆက်သွယ်ရေး ခက်ခဲလို့ ထုတ်ပြန်တာ နောက်ကျ နိုင်တာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဧရာဝတီတိုင်း ဟင်္သာတ ခရိုင်ထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက အားလုံးနီးပါး ရှုံးတယ်လို့ ပါတီ ပူးတွဲ ဥက္ကဋ္ဌ ဦးဌေးဦးက ဝန်ခံ ခဲ့ပါတယ်။

ဧရာဝတီတိုင်း တစ်တိုင်းလုံး အနေနဲ့လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ရှုံးနိုင်တယ် လို့ ဦးဌေးဦးက ဘီဘီစီကို ပြောပါတယ်။

ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာမှာ ဝင်ပြိုင်ခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းကလည်း သူ့ အရှုံးကို ဝန်ခံပြီး အနိုင်ရသွားတဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ် ဦးသန်းညွန့်ကို ကိုယ်တိုင် ချီးကျူးစကား ဆိုပြီးပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment