ရခိုင်ပြည်နယ် လက်ရှိ ၀န်ကြီးချုပ် ဦးမြအောင် မောင်တောမဲဆန္ဒနယ်တွင် ရှုံးနိမ့်ဟုဆို


 စစ်တွေ၊ နိုဝင်ဘာ ၈

 ရခိုင်ပြည်နယ် မောင်တော မြို့နယ် တောင်ပိုင်း ပြည်နယ်လွှတ်တော်တွင် ကြံ့ခိုင်ရေး ပါတီကို ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်သည့် လက်ရှိ ပြည်နယ်ဝန်ကြီးချုပ် ဦးမြအောင်သည် ရခိုင် အမျိုးသားပါတီမှ ဦးမောင်အုန်းကို ရှုံးနိမ့်ကြောင်း သတင်း ရရှိသည်။

“ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ကတော့ တရားဝင် မကျေညာသေးဘူး။ ဒါပေမယ့် လက်ရှိ ရရှိတဲ့ မဲစာရင်းတွေ အရ ရခိုင်အမျိုးသားပါတီက ဦးမောင်အုန်းက နိုင်ပြီး ပြည်ခိုင်ဖြိုးက ၀န်ကြီးချုပ် ဦးမြအောင် ရှုံးပါတယ်” ဟု ရခိုင်အမျိုးသားပါတီ မြို့နယ် ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောသည်။

မောင်တောမြို့နယ် တောင်ပိုင်းတွင် ကျန် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တွင်လည်း အခြေအနေကောင်းနေကြောင်း၊ သို့သော် မောင်တောမြို့နယ် မြောက်ပိုင်းတွင် အခြေအနေက နည်းနည်း အားနည်းနေသည်ကိုတွေ့ရကြောင်း သူက ပြောသည်။

မဲစာရင်းရေတွင်နေတုန်းဖြစ်သဖြင့် များမကြာမီ မြို့နယ် ကော်မရှင်က အနိုင်အရှုံးကို ကြေငြာနိုင်ကြောင်း သူက ပြောဆိုသည်။

Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment