အပြင်မှာ သိပ်မသွက်တဲ့အတွက် ဆရာသမားတွေက ဟာသကားတွေ ပိုပေးရိုက်တယ်လို့ပြောလာတဲ့ ရတနာဗို


ဗလရဲ့ဇဆိုတဲ့ ဟာသကားလေးမှာ မြင့်မြတ်နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရတနာဗိုက အဲ့ဒီရဲ့အရှေ့မှာက ကိုပြေတီဦးနဲ့အကြင်နာ ရွှေလက်ဆိုတဲ့ ဇာတ်ကားလေး ရိုက်ထားသေးတယ်လို့ ဆိုလာပါတယ်။
"ဗီဒီယိုကားလေးပါပဲ။ အဲ့ဒီထဲမှာက ဒါရိုက်တာက ဦးဟိန်းစိုး အဲ့ဒါက ဒရာမာကားလေးပေါ့။ အဲဒီထဲကညီမရဲ့ကာရိုက်တာလေးက ဆန်းတယ်။ တစ်ခါမှလဲမလုပ်ဖူးဘူး။ ကိုချစ်သူနိုင်ငံခြားသွားတဲ့အချိန်မှာ ကိုယ်က တခြားကောင်လေး တစ်ယောက်နဲ့ဖောက်ပြန်တယ်ပေါ့။ ချစ်သူပြန်လာတော့ ပြသနာတွေတက်၊ ကိုယ်ကနောင်တရပြီး ကျန်ခဲ့တဲ့ချစ်သူကလဲ ကိုယ့်ကို မယူပဲနဲ့နိုင်ငံခြားကို အပြီး ထွက်သွားတယ် ။ အဲ့ဒီလိုကားလေးပေါ့။" လို့ သူက ပြောပြသွားပါတယ်။
သရုပ်ဆောင်အပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း သူက "ဆရာသမားတွေကလဲ အများကြီးသင်ပေးထားတယ်။ အဲ့ဒီကားထဲမှာ အိုက်တင်ပိုင်းနဲ့ပတ်သက်ပြီး အများကြီးကြိုးစားထားတယ်။ ပရိသတ်ကြည့်တဲ့အခါမှာလဲ အသစ်ဆိုပြီးဖြစ်မနေအောင် အကောင်းဆုံးတော့ ကြိုးစားထားတယ်။ ကိုယ်ကိုတိုင်က သရုပ်ဆောင်တစ်ယောက်ဖြစ်နေသလို ကိုယ်က ၀ါသနာလဲပါတဲ့ အတွက်ကိုယ့်ကို ပေးလာတဲ့ ကာရိုက်တာဆန်းဆန်းလေးတွေကို အကောင်းဆုံးကြိုးစားသရုပ်ဆောင်တယ်။ ပရိသတ်တွေလဲ ကာရိုက်တာအရ သရုပ်ဆောင်တာကို နားလည်ပေးစေချင်ပါတယ်။ အရှေ့မှာဟာသတွေ ရိုက်ဖြစ်တယ်။ ရိုက်ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက အပြင်မှာ ညီမ ကလေးဆန်တယ်။ တခုခုဆိုအားနာတတ်တယ်။ အေးအေးဆေးဆေးနေတတ်တယ်။ သိပ်မသွက်ဘူး။ အဲ့ဒါကြောင့်သွက်အောင်ဆိုပြီး ကိုယ့်ဆရာသမားတွေက ဟာသတွေကို ပေးရိုက်တယ်။ ညီမတတ်နိုင်သလောက်တော့ အကောင်းဆုံးကြိုးစားထားတယ်။ အခုဆေးအကြီးကြီးထိုးဆိုတဲ့ကားလေးလဲ ကိုခန့်နဲ့ပေါ့။ ထွက်နေပြီပြောတယ်။ အဲ့ဒီကားလေးကိုလဲ အားပေးကြပါဦးလို့ပြောချင်ပါတယ်။ ဆရာသမား ၅ ယောက်စလုံးနဲ့တော့ ရိုက်ထားတယ်။ နောက်လဆိုရင်လဲ ညီမ ဇာတ်ကားလေးတွေတချို့တလေ ထွက်လာဖို့ရှိတယ်။ ပရိသတ်ကြီးအားလုံးလဲ ညီမတို့ပျိုးခင်းကသုံးယောက်လုံးရိုက်ထားတဲ့ဇာတ်ကားလေးတွေထွက်ဖို့ရှိတယ်။ ရိုက်ထားတဲ့ ကားတွေလဲအများကြီးပါပဲ။ ထွက်လာရင်လဲအားပေးကြပါ။ ဝေဖန်ကြပါ။ အဲ့ဒီအတွက်လဲကျေးဇူးအများကြီးတင်ပါတယ်။ ပရိသတ်ကဘယ်လိုပဲအားပေးအားပေး ညီမတို့အတွက်အားဆေးပါပဲ"လို့ ပြောပြသွားပါတယ်။
Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment