မြင်းမူမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်အတွက် အနိုင်ရ NLD ကိုယ်စားလှယ်မှာ ကွယ်လွန်သူဖြစ်သဖြင့် ဒုတိယနေရာမှ USDP ကိုယ်စားလှယ်ကို အနိုင်ပေး


ပုံ - နိုဝင်ဘာ ၆ ရက်က သေဆုံးခဲ့သူ မြင်းမူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမှတ် ၁ မှ NLD လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်
 နိုဝင်ဘာ ၈ ရွေးကောက်ပွဲ၌ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်တွင် တိုင်းဒေသကြီးလွတ်တော် မဲဆန္ဒနယ်အမှတ် ၁ ၌ NLD ပါတီမှ ဦးစိုးမြင့် အနိုင်ရခဲ့သော်လည်း ယင်းပါတီကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲအတိုင်မီရက်ပိုင်းအတွင်းက ကွယ်လွန်သွားခဲ့ခြင်းကြောင့် ဒုတိယမဲများဆုံးရသည့် USDP မှ ကိုယ်စားလှယ်လောင်း အနိုင်ရရှိခဲ့ကြောင်း NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစံသက်ထွန်းက ပြောသည်။

ပါတီအောင်နိုင်ရေးဆောင်ရွက်ကြရာ နိုဝင်ဘာ ၆ ရက်နေ့က တိုင်းဒေသကြီးလွတ်တော်၊ အမှတ် ၁ မှ ယှဉ်ပြိင်မည့် NLD ပါတီမှ ကိုယ်စားလှယ်လောင်း ဦးစိုးမြင့်သည် မြို့တွင်းလှည့်လည် သီချင်းဆိုနေစဉ် နှလုံးသွေးကြောပိတ်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ပါတီအတွက် အားကိုးရတဲ့သူတယောက် ဆုံးရှုံးရသလို ဒီလိုကိစ္စဖြစ်လာတော့ စိတ်မကောင်းဖြစ်ရတယ်။ ပြည်သူက သူ့ကို ပေးခဲ့တဲ့မဲတွေက သူမရှိတော့လို့ ပယ်မဲသတ်မှတ် လိုက်ရပြီး NLD အတွက် ဆုံးရှုံးမှုပဲ”ဟု ၎င်းက ပြောသည်။

အဆိုပါမဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်အမှတ် (၁) တွင် NLD မှ မဲအရေအတွက် ၂၂၀၀၀ ရရှိပြီး ကိုယ်စားလှယ်လောင်းသေဆုံးခဲ့ခြင်းကြောင့် ပယ်မဲအဖြစ် သတ်မှတ်လိုက်ကြောင်း၊ ဒုတိယ အများဆုံးဖြစ်သည့် USDP မှာ ၇၈၉၁ မဲဖြင့် အနိုင်ရသွားကြောင်း ဦးစိုးစံသက်ထွန်းက ပြောသည်။

“အောင်နိုင်ရေးလှည့်နေချိန်မှာ သူကိုယ်တိုင် သီချင်းဆိုနေရင်း မြို့မဈေးထောင့် နားအရောက် ရုတ်တရက် နှစ်လုံးသွေးကြောပိတ်သွားတယ်။ ပါတီအနေနဲ့ လူကောင်း တယောက်သာမက မဲဆန္ဒရှင်တွေရဲ့ မဲပြားတွေ ဆုံးရုံးခဲ့ရတယ်”ဟု ဒေါ်နီလာလွင်ကပြောသည်။

မြင်းမူမြို့နယ်တွင် မဲရုံပေါင်း ၅၈ ရုံရှိပြီး ၅၄ ရုံတွင် NLD ပါတီက အပြတ်အသတ် မဲအနိုင်ရရှိခဲ့ကြောင်း၊ မဲရုံ(၁)တွင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် NLD မှ ၄၃၇၂၄ မဲ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၃၃၆၂ မဲ၊ USDP မှ ၁၄၁၈၂ မဲ ရရှိကြောင်း၊ အမျိုးသားလွှတ်တော်တွင် NLD မှ ၄၄၃၂၇ မဲ၊ တောင်သူလယ်သမားတိုးတက်ရေးပါတီ ၂၃၇၆ မဲ၊ USDP မှ ၁၄၈၄၀ မဲ၊ တိုင်းဒေသကြီး (၂) တွင် NLD မှ ၂၁၉၃ မဲ၊ တစညပါတီမှ ၁၆၆၅ မဲ၊ USDP ၇၈၇၁ မဲတို့ ရရှိခဲ့ကြောင်း သိရသည်။

ခိုင်ဆက်ဝေ၊စိုင်းထူးခန့်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment