မဲရလဒ်အရ အစိုးရ ဖွဲ့နိုင်သော်လည်း အမျိုးသားရင်ကြားစေ့ရေးကိုသာ NLD ဦးတည်မည်


        ယခုသိရှိရသော မဲရလဒ်များအရ အစိုရဖွဲ့နိုင်သော်လည်း အမျိုးသားရင်ကြားစေ့ရေးကိုသာ NLD ပါတီ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယင်းပါတီ ပြောရေးဆိုခွင့်ရှိသူများက The Messenger Media သို့ ပြောသည်။

      “လက်ရှိအနေအထားအရ အစိုးရ ဖွဲ့နိုင်ပါတယ်။ ဖွဲ့နိုင်ပေမယ့် အဖွဲ့ချုပ် စတင်ကတည်းက အထွေထွေ သဟဇာတမျှတရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးမူကို လက်ကိုင်ထားတဲ့ ပါတီပါ။ အပြတ်အသတ် နိုင်သော်လည်း အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်သွားမယ်”ဟု NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြင့်က ပြောသည်။

      NLD သည် ပြောင်းလဲချိန်တန်ပြီ ဆိုသော ပြောဆိုသံများနှင့်အညီ အနိုင်ရသော်လည်း မိမိကိုယ်ကို နှိမ့်ချ၍ အမျိုးသား ရင်ကြားစေ့ရေးကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည် ဦးဝင်းမြင့်က ဆိုသည်။

      NLD ပါတီသည် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် (၄၄) မြို့နယ်တွင် (၉၇)ရာခိုင်နှုန်း အနိုင်ရသည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ သတင်းများအရ တစ်နိုင်ငံလုံးတွင် (၈၂) ရာခိုင်နှုန်းကျော် အနိုင်ရထားရာ အစိုးရဖွဲ့နိုင်ပြီ ဖြစ်ကြောင်း NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က ပြောသည်။

      “(၈၂) ရာခိုင်နှုန်း နိုင်တယ်ဆိုတာ ဒါကမြို့နယ်တွေကို ပြောတာနော်။ ကိုယ်စားလှယ်နေရာတွေ ပြောတာမဟုတ်ပါဘူး။ အခုတွက်တုန်း၊ ကြေညာတုန်းပေါ့”ဟု ဦးဝင်းထိန်က ဆိုသည်။

      အစိုးရဖွဲ့နိုင်သော အနေအထားတွင် ရှိသော်လည်း ဒီမိုကရေစီ ကျင့်သားရရန် ယဉ်ယဉ်ကျေးကျေး စည်းကမ်းရှိရှိနှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးဝင်းထိန်က ပြောသည်။ NLD သည် တစ်နိုင်ငံလုံး ပြည်သူများ ထောက်ခံလျက်ရှိပြီး အစိုးရဖွဲ့နိုင်သော အနေအထားတွင် အထွေထွေ သဟဇာတ မျှတရေးကိုသာ လုပ်ဆောင်မည် ဖြစ်ကြောင်း ပါတီဝင်တို့က ဆိုသည်။ ပါတီအနိုင်ရသော်လည်း ရှုံးသောသူများကို မခံချင်အောင် မပြောဆိုရန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

The Messenger Media
http://www.messengerdaily.com/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment