ဂွမြို့နယ်တွင် NLD အနိုင်ရရှိ


စစ်တွေ၊ နိုဝင်ဘာ ၉

ရခိုင်ပြည်နယ် ဂွမြို့နယ် ပြည်သူ့လွှတ်တော်၊ ပြည်နယ် နှစ်နေရာနှင့် အမျိုးသားလွှတ်တော်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အနိုင်ရရှိသွားကြောင်း ရခိုင်အမျိုးသားပါတီမှ ဂွမြို့နယ် အမျိုးသားလွှတ်တော်နေရာတွင် ပါဝင်ယှဉ်ပြိုင်သူ ဦးတင်ညိုက ပြောသည်။

“ ပြည်နယ် နှစ် နေရာ၊ ပြည်သူ့ လွှတ်တော် တစ်နေရာက NLD က အနိုင်ရရှိသွားပါတယ်။ အမျိုးသား လွှတ်တော်နေရာမှာလည်း ဂွမြို့နယ်မှာ ကျွန်တော်ရှုံးပါတယ်။ တောင်ကုတ်နဲ့ သံတွဲက ရေတွက်နေတုန်း ဖြစ်တဲ့ အတွက် ကျွန်တော်နေရာကတော့ မသိရပါဘူး။ ဂွမှာရှုံးနိမ့်ခဲ့တဲ့ အတွက် အခြေအနေလည်း သိပ်မကောင်းတော့ဘူးလို့ ပြောလို့ရပါတယ်” ဟု ဦးတင်ညိုက ပြောဆိုသည်။

ဂွမြို့နယ် ပြည်သူ့လွှတ်တော်တွင် ဦးမြင့်ဝေကလည်းကောင်း၊ ပြည်နယ်လွှတ်တော် အမှတ် (၁) တွင် ဦးစိုးဝင်းကလည်းကောင်း၊ ပြည်နယ် လွှတ်တော် အမှတ်(၂) နေရာတွင် ဦးပုကလည်းကောင်း အနိုင်ရရှိသွားကြောင်း သိရသည်။

Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment