ရန်ကုန်တိုင်းဒေသကြီး နေရာအားလုံး NLD အနိုင်ရ

 နေပြည်တော်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံးမှာ နိုဝင်ဘာလ ၉ ရက်နေ့က ကော်မရှင် ဥက္ကဌ ဦးတင်အေး ရွေးကောက်ပွဲ မဲရလဒ်တွေကို ကြေငြာနေစဉ်။ Photo: Win Ko Ko Latt/ RFA

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမဲရလဒ်တွေကို ဒီကနေ့ စတင်ကြေညာရာမှာ ရန်ကုန်တိုင်းဒေ သကြီးအတွင်းက ပြည်သူ့လွှတ်တော် အတွက် မြို့နယ်ပေါင်း ၁၂ မြို့နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးအတွက် ၂၄ နေရာ အားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရတယ်လို့ ပြောပါတယ်။

နေပြည်တော်နဲ့ ရန်ကုန်မှာ ရွေးကောက်ပွဲရလာဒ်တွေ ကြေငြာပေးမယ့် မီဒီယာစင်တာ တွေ ဖွင့်ပွဲမှာ ကော်မရှင် ဥက္ကဌ ဦးတင်အေးက အနိုင်ရ ကိုယ်စား လှယ်လောင်းတွေကို ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီကိုယ်စားလှယ်တွေထဲမှာ ပြည်သူ့လွှတ်တော်အတွက် ဒေါက်တာ ဒေါ်သက်သက်ခိုင်၊ ဒေါ်စန္ဒာမင်း ၊ ဦးဝင်းမြင့်၊ ဦးပြုံးချို၊ ဒေါက်တာဝေဖြိုးအောင်၊ ဒေါ်ဇင်မာအောင် စတဲ့ ကိုယ်စားလှယ်တွေ ပါဝင်ပြီး၊ တိုင်းဒေသကြီး အတွက် ဦးနိုင်ငံလင်း၊ ဦးသာအောင်၊ ဦးဝေဖြိုးဟန်၊ ဦးသိန်းဇော်၊ ဒေါ်သက်ထားနွယ်ဝင်း စတဲ့ ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။

ရွေးကောက်ပွဲကာလအတွင်း ပေါ်ပေါက်ခဲ့တဲ့ အမှုပေါင်း ၄၈ မှု ရှိတယ်လို့ ကော်မရှင်က ပြောပါတယ်။ ဒါပေမဲ့ ကြိုတင် မဲ ပြဿနာတွေနဲ့ ပတ်သက်လို့တော့ ထည့်သွင်း မပြောဆိုခဲ့ပါဘူး။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲရလာဒ်တွေကို နိုဝင်ဘာလ ၉ ရက်နေ့ကနေ ၁၅ ရက်နေ့ အထိ နေ့စဉ် ၅ ကြိမ် ကြေငြာပေးမှာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲအပြီး ပထမဦးဆုံးအကြိမ် အဖြစ် ရွှေဂုံတိုင်လမ်း ဌာနချုပ်မှာ လူထုကို ဒီကနေ့ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment