ပြည်မြို့နယ်ရှိ မြို့ပေါ် (၁၀) ရပ်ကွက်တွင် စစ်တပ်မဲဆန္ဒနယ်မြေ (၂) ခုမှအပ ကျန်မဲရုံများတွင် NLD အပြတ်အသတ် နိုင်


 ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် အတွင်းရှိ မြို့ပေါ်ရပ်ကွက်ကြီး (၁၀) ရပ်ကွက်တွင် မဲရုံပေါင်း (၄၄) ရုံ ရှိသည့်အနက် စစ်တပ် မိသားစုများ မဲပေးရာ မဲရုံ (၂) ရုံမှလွဲ၍ ကျန်မဲရုံများတွင် NLD ပါတီမှ မဲအင်အား အပြတ်အသတ်ဖြင့် အနိုင်ရလျှက်ရှိကြောင်း သတင်းရရှိသည်။

“လက်ရှိအနေအထားမှာ မဲရုံပေါင်း (၄၄) ရုံအနက် မဲရုံ (၄၀) က စာရင်းတွေကို လက်ခံရရှိထားပါတယ်။ အဲဒီလက်ခံရရှိထားတဲ့ မဲရုံတွေအနက် ဆင်စုရပ်ကွက်က ဒကစ မိသားစုများနဲ့ (၇၅) တပ်မိသားစုပေးတဲ့ ဆင်စု မဲဆန္ဒနယ် (၅/၆) ကလွဲလို့ ကျန်တဲ့ မဲရုံတွေကတော့ အပြတ်အသတ် အနိုင်ရပါတယ်။”ဟု ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့မနယ်အောင်နိုင်ရေးအဖွဲ့ရုံးမှ တာဝန်ရှိသူတဦးကပြောသည်။

ပြည်မြို့နယ်အတွင်းတွင် မဲရုံပေါင်း (၁၈၄) ရုံရှိသည့်အနက် ကျန်သည့်ကျေးရွာအုပ်စုကြီးများတွင်လည်း NLD ပါတီအနေဖြင့် အပြည့်အစုံ မသိရသေးသော်လည်း မြို့ပေါ်မဲဆန္ဒနယ်မြေ (၂) ခုနှင့် ရဲသင်တန်းကျောင်း အခြေစိုက်ရာ ၀က်ထီးကန်တိုက်နယ်မှ ၁ ရုံမှလွဲ၍ ကျန်သည့်မဲရုံများမှာ အခြေအနေကောင်းမွန်လျှက်ရှိကြောင်း နယ်ခံများထံမှ သိရသည်။

ပြည်မြို့နယ် ကော်မရှင်အနေဖြင့် ယနေ့ နိုဝင်ဘာ (၉) ရက်နေ့ နံနက်တွင် မဲစာရင်းများထုတ်ပြန်မည်ဆိုသည့်အတွက် စောင့်ကြည့်ရေးအဖွဲ့များ ကိုယ်စားလှယ်များ သွားရောက်စောင့်ဆိုင်းနေသော်လည်း နံနက်ပိုင်း အချိန်ထိ ကြေငြာပေးခြင်းမရှိကြောင်း သွားရောက်သတင်းယူသူ သတင်းထောက်တဦးကပြောသည်။

ကိုလေး(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment