ရှမ်းပြည်နယ်တွင် SNLD နှင့် NLD အပြတ်အသတ် အနိုင်ရဖွယ်ရှိ


 နိုဝင်ဘာ ၈ ရက် ၂၀၁၅ ပြန်ထောင်စု မြန်မာနိုင်ငံတဝှမ်းလုံး၌ကျင်းပသော ပါတီစုံ ဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ တွင် ရှမ်းပြည်နယ်၌ ကျင်းပ သည့် မြို့နယ် ၄၀ ကျော် အနက် အတိုက်အခံပါတီများဖြစ်သည့် ခွန်ထွန်းဦး ဦးဆောင်သည့် ကျားခေါင်းပါတီ SNLD နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် NLD က အပြတ်အသတ် အနိုင်ရဖွယ်ရှိသည်ဟု သိရသည်။

မူစယ်၊ သိန္နီ၊ လားရှိုး၊ မိုင်းရယ်၊ နမ့်တူ၊ သီပေါ၊ ကျောက်မဲ၊ သျှမ်းပြည်တောင်ပိုင်း တွင် မိုင်းကိုင်၊ လဲချား၊ နမ့်စန်၊ ကွန်ဟိန်း၊ မိုးနဲ၊ လင်းခေးတို့တွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ခေါ် ကျားခေါင်း ပါတီက အနိုင်ရဖွယ်ရှိသည်။

“သေခြာတာကတော့ မြောက်ပိုင်း ၅ မြို့နယ်၊ တောင်ပိုင်း ၅ မြို့နယ် ပေါ့။ တခြားတော့ ကြိုတင်မဲ ကြောင့် စိုးရိမ်မှုတွေ ရှိနေသေးတယ်။ တချို့ဆိုလဲ ဖုန်းခေါ်တာ လုံးဝ မရသေးတော့ ဘာမှ မပြောနိုင်သေးဘူး” - ဟု ကျားခေါင်းပါတီ ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် က ပြောသည်။

တာချီလိတ်ခရိုင် မြို့နယ် အများ အပြား၊ ကျိုင်းတုံခရိုင်မြို့နယ် အများအပြား နှင့် မိုင်းဆတ်ခရိုင်မြို့နယ် အချို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က အနိုင်ရ ဖွယ်ရှိသည်။

ရှမ်းပြည်နယ်အတွင်း မြို့နယ် ၅၅ မြို့နယ်အနက် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၅ မြို့နယ် နှင့် မိုင်းလားမြို့နယ်၊ မိုင်းရှူးမြို့နယ် တို့တွင် ရွေးကောက်ပွဲ ကျင်းပ ခွင့်မရခဲ့ပေ။

The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment