တိုင်းဒေသကြီး နဲ့ ပြည်နယ် ကိုယ်စားလှယ် ထပ်တိုးစာရင်း ( UEC ည ၉ နာရီ ထုတ်ပြန်ချက်)


ည ၉ နာရီက နောက်တိုး ကိုယ်စားလှယ်လောင်းစာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။

တိုင်းဒေသကြီး နဲ့ ပြည်နယ်ကိုယ်စားလှယ်လောင်း စာရင်းကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ အန်အယ်လ်ဒီပါတီက နောက်ထပ် တိုင်းဒေသကြီး နဲ့ ပြည်နယ် ကိုယ်စားလှယ် ၄၀ ထပ်တိုးအနိုင်ရပြီး ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက နောက်ထပ် ၇ ဦး အနိုင်ရသလို ကရင်ပြည်သူ့ပါတီက ၁ ဦး အနိုင်ရပါတယ်။

ပါတီအနေနဲ့ ပြောမယ်ဆိုရင် ကရင်ပြည်သူ့ပါတီ ထပ်တိုးလာတာ ဖြစ်ပြီး အနိုင်ရတဲ့ပါတီပေါင်းဟာ အန်အယ်လ်ဒီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး၊ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲိ့ချုပ်၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ကရင်ပြည်သူ့ပါတီ နဲ့ ၀ ဒီမိုကရက်တစ်ပါတီဖြစ်ပြီး စုစုပေါင်း ၈ ပါတီဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment