သေဆုံးသူဟာ ၄၉ ယောက်ရှိပြီလို့သိရပါတယ်။
Microcephaly ဆိုတာ ဦးနှောက်ဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပြီး ဒီရောဂါကြောင့် ကလေးတွေဟာ ဦးခေါင်းခွံသေးသေး၊ ဦးနှောက်သေးသေးလေးတွေနဲ့ မွေးဖွားလာကြပါတယ်။ ဒီရောဂါကို ၁၉၄၇ တုန်းက အာဖရိကမှာ ပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပြီး ခြင်ကတစ်ဆင့်ဖြစ်ပွားတဲ့ ဇီကာဆိုတဲ့ဗိုင်းရပ်ပိုးကြောင့်ဖြစ်ရတာလို့ ယူဆထားကြပါတယ်။
ပြီးခဲ့တဲ့နှစ်ကစတင်ပြီး ဘရာဇီးမှာ ကလေးပေါင်းထောင်ပေါင်းများစွာဟာ ဦးခေါင်းသေးသေးလေးနဲ့ မွေးဖွားလာပါတယ်။ ရောဂါဖြစ်ပွားသူဟာ အခုဆိုရင် ၃၈၉၃ ယောက်ရှိပြီလို့ ဘရာဇီးအစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။ အဆိုပါ ဇီကာဆိုဗိုင်းရပ်ကြောင့် ဖြစ်ပွားနေတာဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ခြင်ကိုက်မခံကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဦးခေါင်ခွံပုံမှန်မဟုတ်ဘဲမွေးဖွားလာတဲ့ ကလေးတွေထဲမှာ သေဆုံးသူဟာ ၄၉ ယောက်ရှိပြီလို့သိရပါတယ်။
Photos & Sources: Daily Mail
Credit: duwun

0 comments:
Post a Comment