ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များ ယခုလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာသွားကြရန် မြောက်ဦး ခရိုင် အုပ်ချုပ်ရေးမှူး ညွန်ကြား


နိရဉ္စရာ၊ ဇန်န၀ါရီ ၁၇

ရခိုင်စစ်ဘေးရှောင် ဒုက္ခသည်များကို ယခုလ၂၀ ရက်နေ့ နောက်ဆုံးထားပြီး စခန်းချထားရာ နေရာမှ ထွက်ခွာသွားကြရန် မြောက်ဦးခရိုင် အုပ်ချုပ်ရေးမှူးမှ ညွှန်ကြားထားကြောင်း မေတ္တာမျှဝေမှ နာယက ဆရာတော်အရှင်ဇာဂရမှ နိရဉ္စရာ သတင်းဌာနသို့  ပြောသည်။

ယခုကဲသို့ ညွန်ကြားချက်ကို ယမန် နေ့ နေ့ လယ်ပိုင်းက ခရိုင်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်လာပြီး ထုတ်ပြန်ထားသည်ဟု သိရသည်။


မြောက်ဦးမြို့နယ် စေတီတောင်ကျေးရွာနှင်ကျီးရာပြင်ကျေးရွာတွင်နေထိုင်
နေကြသော ဒုက္ခသည် ဦးရေ မှာ ၁၉၆ ဦးရှိသည်ဟု သိရသည်။

“ သူတို့ကို ဒီ လ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ဆွေမျိုးများအိမ်တွေမှာ သွားရောက် နေထိုင်ကြဖို့ ခရိုင်အုပ်ချုပ်ရေးမှူး ညွှန်ကြားတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

ခရိုင် အုပ်ချုပ်ရေးမှူးနှင့် အဆက်အသွယ် မရရှိသေးသဖြင့် ယခုညွှန်ကြားချက်ထုတ်ရသည့် အကြောင်းအရင်းကို မသိရသေးပါ။

ဝဏ္ဏခွာညို
Arakan State
https://www.facebook.com/NarinjaraNews/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment