မျက်နှာပေါ်က မွေးရာပါ အမှတ်အသား ဖယ်ရှားရန် ၇ ကြိမ်တိုင်တိုင် ခွဲစိတ်ကုသမှု ခံယူရမယ့် ချစ်စရာ ကလေး


Ruby Ashby ဟာ သြစတြေးလျနိုင်ငံ Wollongong အနီး မြို့တစ်မြို့မှာ လွန်ခဲ့သော ၇ လက မွေးဖွားခဲ့တာ ဖြစ်ပေမယ့်လို့ သူမ မိသားစုက သူမ ညာဘက်မျက်နှာ အပေါ်ဘက်ခြမ်းကို ဖုံးနေတဲ့ မွေးရာပါအမှတ်အသားကို ဖယ်ရှားဖို့ အစီအစဉ်တွေ ဆောင်ရွက်ပြီးနေပြီ ဖြစ်ပါတယ်။
Ruby ဟာ လူအယောက် ၅၀၀,၀၀၀ မှာ တစ်ယောက်မှာသာ ဖြစ်ပွားပြီး မွေးရာပါ အမှတ်အသားကြီးကြီးမားမားဖြစ်စေတဲ့ ရောဂါတစ်မျိုးဖြစ်သော Congenital Melanocytic Nevus နဲ့ မွေးဖွားခဲ့သူပါ။ ဒီနှစ်အတွင်း ဆောင်ရွက်ရမယ့် ပထမဆုံး ခွဲစိတ်ကုသမှုအတွက် ငွေကြေးရရှိရန် Go Fund Me page ကို မိသားစုမှ စတင်ခဲ့ပါတယ်။ ပထမဆုံး ခွဲစိတ်ကုသခြင်းကို ဇန်နဝါရီ ၁၂ ရက် သတ်မှတ်ထားပြီး ဒေါ်လာ ၁၀,၀၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။ သူမ မိသားစုအနေနဲ့ ခွဲစိတ်ကုသမှု ၇ ခုစလုံး သူမ ကျောင်းစတက်မယ့် အရွယ်မတိုင်မီ အပြီးဆောင်ရွက်နိုင်ဖို့ မိသားစုက မျှော်လင့်နေပါတယ်။
Daily Mail Australia သတင်းအရ သူမ အရေပြားအောက်မှာ ဆီလီကွန်လုံးတစ်ခု ထည့်သွင်းပြီး အချိန်ကာလ အလိုက် ဆီလီကွန်လုံးကို ဆားငန်ဓာတ်ဖြည့်ကာ ကြီးအောင်ချဲ့ဖို့ စီစဉ်ထားပါတယ်။ နောက်ဆုံး အမည်းကွက်ကို ဖယ်ထုတ်ပြီး အဲဒီနေရာကို ထုံးစံအတိုင်း အရေပြားသစ်နဲ့ အစားထိုးသွားမှာ ဖြစ်ပါတယ်။
Ruby အဒေါ်Ashleigh Morris ဆိုသူက အယောက် ၅၀၀,၀၀၀ မှာ ၁ ယောက်မှာသာ ဒီအမှတ်အသားနဲ့ မွေးလာနိုင်ခြေရှိတယ် ဆိုပေမယ့် ဒီအမှတ်အသားနဲ့ နေထိုင်ရမယ်ဆိုတဲ့ သဘောမဟုတ်ပါဘူး လို့ ရန်ပုံငွေမြင့်တင်ရေး စာမျက်နှာမှာ ရှင်းပြထားပါတယ်။
Morris အနေနဲ့ ၁၈,၀၀၀ ဒေါ်လာ ကောက်ခံရရှိနေပြီ ဖြစ်ပြီး နောက်ထပ် ရန်ပုံငွေကောက်ခံမှုကို ဇန်နဝါရီ ၁၆ ရက်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ 
Ref: Cosmopolitan 
Source:Trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment