နှလုံးရောဂါကြောင့် အမျိုးသမီးတွေ နှစ်စဉ်သေဆုံးမှုဟာ ကင်ဆာရောဂါတွေထက်တောင် များသေး တယ်လို့ ကျန်းမာရေး စစ်တမ်းတွေက ဆိုထားပါတယ်။ နှလုံးကျန်းမာနေစေဖို့ လူတိုင်းအတွက် အရေးကြီး တာမို့ ဘာတွေလုပ်ရင် နှလုံးကျန်းမာနိုင်သလဲဆိုတာ သိထားရအောင် ဖော်ပြပေးလိုက်ပါတယ်။
နို့သောက်ခြင်း - နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ စတဲ့ နို့ထွက်ပစ္စည်းတွေကို စားပေးသင့်သလို နို့သောက်တဲ့ အခါမှာလည်း အဆီထုတ်ထားတဲ့ နွားနို့ဆိုရင် ပိုပြီး သင့်တော်ပါ တယ်။
ကိုယ်လက်လှုပ်ရှားခြင်း - ပြင်း ပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်စ ရာမလိုဘဲ အသာအယာလေးလုပ် နိုင်တဲ့ တရုတ်ရိုးရာ ထိုက်ကျိလေ့ ကျင့်ခန်းလိုမျိုးလုပ်ပေးတာဟာ သွေးလည်ပတ်မှုကောင်းစေပြီး နှလုံးကျန်းမာရေးအတွက် ထောက်ကူပါတယ်။
ငါးစားပေးခြင်း - နှလုံးခုန်သံမြန် ခြင်း၊ နှေးခြင်းဟာ နှလုံးမှာ ပြဿ နာတစ်ခုခုရှိနေတဲ့ လက္ခဏာတစ် ခုဖြစ်တာမို့ သတိထားဖို့လိုအပ်သ လို အဲဒါနဲ့ဆက်စပ်တဲ့ သတင်း ကောင်းတွေကတော့ ငါးကိုပုံမှန် စားပေးရင် နှလုံးခုန်နှုန်းကို ပုံမှန် ဖြစ်စေတယ်ဆိုတာပါ။
တလည်းသီးဖျော်ရည် သောက် ခြင်း - နှလုံးကျန်းမာရေးကောင်းဖို့ အတွက်ဆိုရင် တလည်းသီးဖျော် ရည်ကလည်း မပါမဖြစ်ပါ။ ဖျော် ရည်လိုမသောက်ချင်ရင်လည်း အသီးအတိုင်း စားပေးလည်းဖြစ် ပါတယ်။
ပဲပိစပ်စားခြင်း - အမည်းရောင် ပဲပိစပ်ကနေ ထုတ်ထားတဲ့ ငံပြာ ရည်ကို ဟင်းပွဲတွေ၊ အသုပ်တွေ မှာ ထည့်စားတာမျိုးလုပ်ပေးနိုင်ပါ တယ်။ တစ်ခုသတိထားရမှာက အငန်ဓာတ်တွေများလွန်းတဲ့ ပဲ ငံပြာရည်ကိုတော့ သတိထား ရှောင်ကြဉ်ရမှာပါ။
များများရယ်ခြင်း - အရယ်အပြုံး နည်းသူတွေထက် ခဏခဏ ရယ်မောတတ်သူတွေဟာ သွေး လည်ပတ်မှု ပိုကောင်းတယ်လို့ဆို ပါတယ်။ ဒီတော့ နှလုံးကျန်းမာဖို့ ဆိုရင် အနည်းဆုံး ၁၅ မိနစ် လောက် နေ့တိုင်း ရယ်ပေးဖို့လို အပ်ပါတယ်။
လုံလောက်စွာ အိပ်စက်ခြင်း - အိပ်ချိန်မမှန်တာ၊ တစ်နေ့ကိုအိပ် ချိန်ငါးနာရီပြည့်အောင် မအိပ်သူ တွေဟာ နှလုံးကျန်းမာရေး ထိ ခိုက်နိုင်တာကြောင့် ကျန်းမာရေး အတွက် လိုအပ်တဲ့ အိပ်ချိန်အ တိုင်း အိပ်စက်အနားယူဖို့လိုပါ တယ်။
အသက်ပြင်းပြင်းရှူခြင်း - တစ် မိနစ်အတွင်းမှာ အသက်ရှူသွင်း ရှူထုတ် (၁၆) ကြိမ်ကနေ (၁၉) ကြိမ်လောက်အထိ လုပ်ပေးတာ ဟာ သွေးတိုးဖြစ်စေတဲ့ ခန္ဓာကိုယ် တွင်း ဆားဓာတ်တွေကို လျော့ပါး စေတယ်လို့ ဆိုပါတယ်။
7day daily

0 comments:
Post a Comment