မတ္တရာမြို့နယ်၌မောင်းနှင်လာသောယာဉ်ကိုတား၍ ကလေးလုယူမှုဖြစ်ပွား


မတ္တရာ ဇန်နဝါရီ ၁၄

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် လင်းမွေချောင်း ကျေးရွာအနီး မန္တလေး-မိုးကုတ် ကားလမ်းပေါ်၌ ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၂ နာရီခွဲ က အမည်မသိ လူလေးဦးက မောင်းနှင်လာသောယာဉ်ကို တားဆီး ၍ ကားပေါ်၌ လိုက်ပါလာသော ကလေးအား လုယူမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်နေ ဦးမျိုးနိုင် ဇနီးဖြစ်သူ မဆန်းနုဝေနှင့် အသက် ခုနစ်နှစ်အရွယ်ရှိ မစုလဲ့နိုင်၊ လေးနှစ် အရွယ်ရှိ မောင်ခန့်ညားနိုင်နှင့် အိမ် အကူဖြစ်သူ မဇူးဇူးစံတို့သည် သပိတ် ကျင်းမြို့မှ မန္တလေးမြို့သို့ 5H/----ယာဉ်ဖြင့် ပြန်လာရာ မတ္တရာမြို့နယ် လင်းမွေချောင်းကျေးရွာအနီး ဒဟတ် တောကျေးရွာ ဇရပ်မြောက်ဘက် အရောက်တွင် ကားလမ်းပေါ်၌ လူလေးဦးတို့က ကားလမ်းပိတ်ရပ် နေသဖြင့် အရှိန်လျှော့မောင်းစဉ် အဆိုပါ လူလေးဦးအနက် တစ်ဦးက ကားပေါ်သို့တက်ပြီး ကားနောက် ခန်းတွင် လိုက်ပါလာသော ကလေး သုံးဦးအနက်မှ မစုလဲ့နိုင်အား အတင်းဆွဲခေါ်ရာ အိမ်အကူဖြစ်သူ မဇူးဇူးစံက ကလေးငယ်ကို ပြန်လည် ဆွဲယူရာ အဆိုပါလူ၏လက်မှ လွတ် မြောက်သွားသည်ကို မြင်တွေ့ရသဖြင့် ကားရပ်ပြီး အမည်မသိလူအား ဖခင် ဖြစ်သူ ဦးမျိုးနိုင်က လုံးထွေးသတ်ပုတ် စဉ် ကျန်အမည်မသိလူသုံးဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

ထိုသို့ လုံးထွေးသတ်ပုတ်နေစဉ် လမ်းသွားလမ်းလာ ဆိုင်ကယ်သမား ငါးဦး ရောက်ရှိလာပြီး ဝိုင်းဝန်း ဖမ်းဆီးသဖြင့် ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူမှာ ကြည်မြင့်(၃၂ နှစ်) ပခုက္ကူမြို့နယ် နန်းတော်ကျေးရွာ နေသူဖြစ်ကြောင်း သိရပြီး ဦးမျိုးနိုင် က သမီးဖြစ်သူအား ကားပေါ်မှ အတင်းဆွဲခေါ်သူ ကြည်မြင့်နှင့် လူသုံးဦးတို့အား တရားလိုပြု တိုင်တန်းသဖြင့် မတ္တရာမြို့မရဲစခန်း က အမှုဖွင့်ပြီး ရဲအုပ် ယဉ်အောင် နှင့် အဖွဲ့က ကြည်မြင့် အား အမှုနှင့် ဖမ်းဆီးစစ်ဆေးလျက် ရှိပြီး ထွက်ပြေးလွတ်မြောက်သွား သော ပြစ်မှုကျူးလွန်သူများကို လိုက်လံ ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment