သားဖြစ်သူက မိခင်ရဲ့အနားကို မလာတော့တာကြောင့် သနားစရာ မိခင်ခမျာ အရုပ်ကိုပဲ ချစ်နေရရှာပါတယ်။
ဒတ်ခ်ျမိခင်တစ်ဦးရဲ့ ဆယ်ကျော်သက်အရွယ်သားက မိခင်ကို မခင်တွယ်တော့လို့ သားနဲ့အရွယ်တူတဲ့ အရုပ်တစ်ရုပ်ကိုပဲ သွားလေရာ ခေါ်သွားနေရပါတယ်။
အမ်စတာဒမ်မြို့က လမ်းပေါ်မှာ အရုပ်ကြီးကိုဆွဲပြီး ဟိုဟိုဒီဒီ မြင်နေရတဲ့ သူမကို လူတွေက အထူးအဆန်းလိုပဲ မြင်ကြတာပါ။ သူမရဲ့ ဖြစ်ရပ်ကိုတော့ ဘယ်သူမှမသိကြပါဘူး။
play
အမေနားကို ကလေးဘဝကလို ပွတ်သီးပွတ်သပ် ချွဲမနေချင်တော့တဲ့ သားဖြစ်သူကြောင့် မိခင်ဖြစ်သူ Marieke Voorsluijs က သားရဲ့ ကိုယ်ခန္ဓာနဲ့ အချိုးအစားတူတဲ့ သိုးမွေးရုပ်ကို ကိုယ်တိုင်ထိုးပြီး သားကိုယ်စား ထွေးပွေ့နေရပါတယ်။ နယ်သာလန်နိုင်ငံက အမ်စတာဒမ်မြို့ဟာ သိုးမွေးထိုးပညာရပ်ကြောင့် ထင်ရှားတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။
Source & Photo : People's Daily China
Credit: Duwun

0 comments:
Post a Comment