စတုတ္ထတန်းနှင့် အဋ္ဌမတန်းအတန်း၏ ကုစားသည့်စနစ်ကို ယခုနှစ်မှစတင်ပြီး မထားရှိတော့ရန် ပညာရေးဝန်ကြီးဌာနက တရားဝင်ညွှန်ကြား


အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင်စာမေးပွဲတွင် ကျရှုံးပါက ပြန်လည် ကုစားသည့်စနစ်ကို ယခုပညာသင်နှစ်မှ စတင်ပြီး မထားရှိတော့ရန် ပညာရေးဝန်ကြီးဌာနက တရားဝင် ညွှန်ကြားလိုက်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွ င်ဇန်န၀ါရီလ ၈ ရက်နေ့က ကျင်းပခဲ့သော ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး မှတ်တမ်း (၁/၂၀၁၆) အကြောင်းအရာ (၆) သဘောတူညီချက်အရ စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကုစားစစ်ဆေးခြင်းကို ၂၀၁၅-၁၆ ပညာသင်နှစ်မှ စတင်ပြီး ဆောင်ရွက်ခြင်း မပြုရန် တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေး မှူးရုံးများ သို့ ယခုလ ၁၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ညွှန်ကြားထားကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“ပညာရှင်တွေနဲ့ ညှိနှိုင်းပြီးတော့မှ ထုတ်ပြန်တာ ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူ တွေရဲ့ ပညာရေး အရည်အသွေးအတွက် ကုစားကို မထားရှိဖို့ ပညာရှင်တွေက ဆွေးနွေး အကြံပြုကြပါတယ်။ ပထမတစ်နှစ်မှ ထားလိုက်တယ် ဆိုတာကလည်း လုပ်ခါစနှစ်ဖြစ်တဲ့အတွက် ကလေးတွေ နစ်နာမှာစိုးတဲ့အတွက် ကုစားကို ထားရှိပေးလိုက်တာပါ။ အခုနှစ်ကတော့ ဆရာတွေရဲ့ သင်ကြားမှု ကျောင်းသားတွေရဲ့ ကြိုးစားမှုတွေက အများကြီး တိုးတက်ဖို့ လိုသွားပါပြီ” ဟု ပညာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့ကို ကုစား ဖြေဆိုမှု မထားရှိတော့သည့်အတွက် ကျောင်းသားကျောင်းသူများသည် အတန်းတင် စာမေးပွဲတွင် အဆင့်သတ်မှတ်ချက်ဖြစ်သည့် အဆင့် A, B, C, D တွင် အဆင့် D ရရှိပါက စာမေးပွဲကျရှုံးမည် ဖြစ်ကြောင်း သိရသည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲများကို အခြေခံပညာ စတုတ္ထတန်း နှင့် အဋ္ဌမတန်းတို့၏ နှစ်ဆုံး စာမေးပွဲရက်မှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၉ နာရီမှစတင် ကျင်းပမည်ဖြစ်ပြီး ၂၀ ရက်နေ့အထိ ဖြေဆိုရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

သတင်း - သူရိယ
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment