အင်ဒိုနီးရှား ၊ မြို့တော် ဂျာကာတာတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွား


အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာတွင် ယနေ့ (ဇန်န၀ါရီ ၁၄ ) နံနက်ပိုင်းက အကြမ်းဖက် ဖောက်ခွဲ တိုက်ခိုက်မှု အနည်းဆုံး သုံးကြိမ်နှင့် ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် သုံးဦးအပါအ၀င် ခြောက်ဦး သေဆုံးခဲ့သည်ဟု အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောကြားသည်။

ဂျာကာတာ မြို့လယ်ရှိ လူစည်ကားသော နေရာတစ်ခုဖြစ်သည့် ဟာဂျီဝါယာစ်ဟက်ယင်လမ်းနှင့် ဂျာလန်အမ်အိတ်သမ်ရင် လမ်းဆုံအနီး Star bucks ကော်ဖီဆိုင်ရှေ့တွင် နံနက် ၁၀ နာရီ ၄၀ ခန့်က ပေါက်ကွဲမှု စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင် တွေ့ရှိသူအချို့က ဆိုသည်။

အသေခံ ဗုံးခွဲသူ သုံးဦး အပါအ၀င် တိုက်ခိုက်သူများက ထိုအနားရှိ ရဲကင်းတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။ ပေါက်ကွဲမှု အပြီးတွင် တိုက်ခိုက်သူများက ရဲများအား သေနတ်ဖြင့် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ထို့နောက် အခင်းဖြစ်ပွားရာနေရာသို့ အင်ဒိုနီးရှား
ရဲတပ်ဖွဲ့များ ရောက်ရှိလာပြီး အကြမ်းဖက်သမားများကို ဖမ်းဆီးနိုင်ရန်ကြိုးပမ်းလျက်ရှိသည်ဟု ဆိုသည်။

ဂျာကာတာမြို့တွင်းတွင် ပေါက်ကွဲမှု ခြောက်ကြိမ်ခန့် ဖြစ်ပွားခဲ့သည်ဟု မြို့ခံများကပြောကြားသော်လည်း ပေါက်ကွဲမှု သုံးကြိမ်ကိုသာ ရဲတပ်ဖွဲ့က အတည်ပြုထားသည်။ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် နေရာအနီးတွင် နိုင်ငံခြား သံရုံးများနှင့်ဘဏ်များ တည်ရှိသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် အစ္စလာမ်ဘာသာဝင်ဦးရေ အများဆုံး နိုင်ငံဖြစ်ပြီး အများစုမှာ အလယ်အလတ် သဘောထားရှိသူများဖြစ်သည်။ နိုင်ငံ၏ အဓိက ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းဒေသဖြစ်သည့် ဘာလီကျွန်း တွင် ၂၀၀၂ နှင့် ၂၀၀၅ ခုနှစ်များတွင်လည်းကောင်း၊ မြို့တော်ဂျာကာတာတွင် ၂၀၀၃ နှင့် ၂၀၀၉ တို့ တွင်လည်းကောင်း ဘာသာရေး
အစွန်းရောက် အကြမ်းဖက်သမားများ၏ ဗုံးခွဲ တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့သည်။

KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment