လှိုင်သာယာမြို့နယ် FMI CITY တွင် ဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်ပြီး ရွှေထည်ပစ္စည်းများလုယက်ခဲ့သူနှင့် အိမ်အကူ ပတ်သက်မှုမရှိကြောင်း စစ်ဆေးပေါ်ပေါက်


လှိုင်သာယာမြို့နယ် FMI CITY တွင်ဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်ပြီး ရွှေထည်ပစ္စည်းများနှင့် ငွေများကို လုယက်ထွက်ပြေးခဲ့သူ နှင့် အိမ်အကူအမျိုးသမီးငယ်တို့မှာ ပတ်သက်မှုမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ပြစ်မှုဖြင့်မသင်္ကာသူ ရခိုင်(ခ) ဖိုးလပြည့်(ခ) သက်ဇော်မင်း(ခ) သက်ယုဇော်ကိုစစ်ဆေးရာ ၄င်း သည် ၂ဝ၁၅ ခုနှစ် သြဂုတ်လမှ စတင်၍ အခင်းဖြစ်နေအိမ်မှ သွားနှင့်ပတ်သက်သော ဆေး ပစ္စည်းများကို ယာဉ်မောင်း ဘိုထီး (ခ)ဦးခင်မောင်ထွန်း မောင်းနှင်သည့်ကားဖြင့် သယ်ယူပို့ဆောင် သည့်အလုပ်လုပ်ကိုင်ခဲ့ရာမှ ၄င်း နေအိမ်တွင် နေ့လယ်ပိုင်းအချိန်များ၌ အိမ်ရှင်ဖြစ်သူ၏ အဒေါ်တော် စပ်သူ အသက် ၉၂နှစ် အရွယ် အမျိုးသမီးကြီးနှင့် အိမ်အကူအမျိုး သမီးတို့နှစ်ဦးတည်းသာရှိသည် ကို သိရှိထားကြောင်း၊ အခင်းဖြစ် ပွားသည့် ယခုလ ၁၂ ရက်နံနက် ၁ နာရီခန့်တွင် ယင်းတစ်ဦးတည်း အဆိုပါ နေအိမ်နောက်ဘက်ခြံ စည်းရိုးမှ ကျော်တက်ဝင်ရောက်ခဲ့ ပြီး အနီးရှိရေကန်ဘေးတွင် ညအိပ် ကာပြစ်မှုကျူးလွန်ရန် စောင့်ဆိုင်း နေခဲ့ကြောင်း၊ နံနက် ၁ဝ နာရီခွဲခန့်၌ အိမ်ရှင်များ ကားဖြင့်ထွက်သွားပြီး နောက် အိမ်အကူမိန်းကလေးမှာ အလုပ်လုပ်ရန် အတွက်ရေကန်အနီး သို့လာရောက်စဉ် ၄င်းကိုတွေ့ရှိသွားပြီးအော်မည်ပြုသဖြင့် မိန်းကလေး၏ပါးစပ်ကို လက်ဖြင့် ပိတ်၍ ဓားဖြင့်ထောက်ကာ နောက် ဖေးတံခါးမှ နေအိမ်အတွင်းသို့ခေါ် ဆောင်သွားခဲ့ကြောင်း၊ နေအိမ် အပေါ်ထပ်ရှိ အခန်းများအား လိုက်လံပြသစေပြီး ပွင့်နေသော အခန်းအတွင်းသို့ ရောက်ရှိစဉ် မိန်းကလေးကို ဓားဖြင့်ထောက်၍ ခြိမ်းခြောက်ပြီး အလိုမတူဘဲ သားမယားအဖြစ်တစ်ကြိမ်ပြုကျင့် ခဲ့ကြောင်း ပြစ်မှုကျူးလွန်သူက ထွက်ဆိုခဲ့ကြောင်းသိရသည်။

ထို့နောက် အိမ်ရှင်ဖြစ်သူ၏ အိပ်ခန်းတံခါးသော့အား ဓားဖြင့် ထောက်၍ ခြိမ်းခြောက်တောင်းရာ အိမ်အကူမိန်းကလေးကမရှိကြောင်း ပြောသဖြင့် နေအိမ်အောက်ထပ် မီးဖိုချောင်အတွင်းမှ တူကိုယူ ဆောင်ကာ အခန်းတံခါးသော့အား ဖျက်၍ အခန်းအတွင်းသို့ဝင် ရောက်ခဲ့ကာ မီးခံသေတ္တာအနီးရှိ ခရီးဆောင်အိတ်အတွင်းမှ တွေ့ရှိသည့်သော့များဖြင့် မီးခံသေတ္တာ အားဖွင့်ပြီး ရွှေထည်ပစ္စည်းမျိုးစုံ၊ အမေရိကန်ဒေါ်လာ၊ စင်ကာပူ ဒေါ်လာနှင့် မြန်မာငွေရောရာစုစု ပေါင်းတန်ဖိုး ကျပ် ၂၃၁၁၁၅ဝဝ ကို ယူဆောင်ကာ အိမ်အကူ မိန်းကလေး၏ ခြေနှင့်လက်တို့အား ကြိုးဖြင့်တုပ်နှောင်ပြီး ခြံဝင်း တံခါး သော့ထားသည့်နေရာအား မေးမြန်းရယူကာ အိမ်ရှေ့တံခါးပေါက်မှ ထွက်လာခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူ ရခိုင်(ခ) ဖိုးလ ပြည့် (ခ)သက်ဇော်မင်း (ခ)သက်ယုဇော်မှာ အိမ်အကူ မိန်းကလေးနှင့် ရင်းနှီးပတ်သက်ခြင်း၊ သမီး ရည်းစားဖြစ်ခြင်း၊ ကြိုတင်ညှိနှိုင်း တိုင်ပင်ချိတ်ဆက်ထားခြင်းမရှိ ကြောင်း၊ ပြစ်မှုကျူးလွန်သူက မီးခံသေတ္တာအား အလွယ်တကူ ဖွင့်နိုင်ခဲ့သည်မှာလည်း အိမ်ရှင် ဖြစ်သူအမျိုးသမီးမှ ၄င်း၏ခင်ပွန်း ဖြစ်သူမှာ မကျန်းမာသူတစ်ဦးဖြစ် ၍ မီးခံသေတ္တာဖွင့်ပါကအလွယ်တကူဖွင့်နိုင်ရန်အတွက် လျှို့ဝှက်နံပါတ်များကို ပြင်ဆင်ပြီးသော့ဖြင့် ဖွင့်နိုင်စေရန် စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်သူယူဆောင်သွားသော သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်း နိုင်ခဲ့ပြီး အမှုလာ ရောက်တိုင်တန်းခဲ့သည့် အချိန်မှ ၂၇နာရီအတွင်းဖော်ထုတ် ဖမ်းဆီး ရမိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူ သက်ယုဇော်ကိုလှိုင်သာယာ မြို့မ ရဲစခန်းက(ပ)၆၅/၂ဝ၁၆၊ ပုဒ်မ -၃၈၆/၃၇၆ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နေထက်ဝေ
The Union Daily
http://uniondaily.net
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment