ကြိုတင် ပေါ်ထွက်လာသည့် လွှတ်တော် ဥက္ကဌ အမည်စာရင်း NLD ပါတီ၏ဗဟိုကော်မတီ ဆုံးဖြတ်ချက်မဟုတ်ဟုဆို


နေပြည်တော်၊ ဇန်နဝါရီ ၂၁

အမျိုးသားဒီမိုကရေစိအဖွဲ့ ချုပ် မှ အနိုင်ရကိုယ်စားလှယ်အများစုတက်ရောက်ရမည့် အမျိုးသားလွှတ်တော် နှင့် ပြည်သူ့ လွှတ်တော် အတွက် ဥက္ကဌနေရာရာထူးများ ကြိုတင်ထွက်ပေါ်နေသည့် အမည်စာရင်းမှာ ပါတီ၏ ဗဟိုကော်မတီဆုံးဖြတ်ချက်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှု ဆောင် ဦးဝင်းထိန်က ပြောသည်။

ယခုကဲ့သို့ ပါတီဗဟိုကော်မတီ၏ဆုံးဖြတ်ချက် မပါသည့် လွှတ်တော်ဥက္ကဌ နှင့် ဒုတိယဥက္ကဌနေရာ စုစုပေါင်း လေးနေရာအတွက် အမည်စာရင်းထွက်ပေါ်လာမှုအပေါ် သတင်းထုတ်ပြန်ခဲ့သည့် မီဒီယာအဖွဲ့ ထံ ပြန်လည်မေးထားသည်ဟု ဦးဝင်းထိန်ကပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးဥာဏ်ဝင်းကြေငြာတာနဲ့ ပတ်သက်လို့ သဘောထားကတော့ CEC ရဲ့ ဆုံးဖြတ်ချက် မပါတဲ့အတွက်ကြောင့် ဘယ်လိုဖြစ်သလဲဆိုတာ ပြန်မေး ထားပြီးပြီ” ဟု ၄င်းကဆိုသည်။

ပြည်သူ့လွှတ်တော်ဥက္ကဌ နေရာအတွက် လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တာမွေမြို့နယ်မှ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်နေရာတွင် ရွေးချယ်ခံထားရသည့် ဦးဝင်းမြင့် ဒုတိယဥက္ကဌ နေရာအတွက် ကချင်တိုင်းရင်းသားရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် တစ်ဦး နှင့် အမျိုးသားလွှတ်တော်ဥက္ကဌ နေရာအတွက် ဦးမန်းဝင်းခိုင်သန်း ၊ဒုတိယဥက္ကဌနေရာအတွက် ရခိုင်အမျိုးသားပါတီ မှ ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦး ရွေးချယ် ထားသည်ဟု ပြည်ပ မီဒီယာ တစ်ခုက သတင်းထုတ်လွှင့်မှုခဲ့သည့် အပေါ် ဦးဝင်းထိန်ကတုံ့ ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဒီလိုရာထူးကို CEC ဆုံးဖြတ်ချက် နဲ့ လွှတ်တော်ဥက္ကဌတွေကို အသိပေးပြီးတော့မှ ကြေငြာမယ်” ဟု ဦးဝင်းထိန် က ပြောသည်။

ရာထူးတာဝန် နေရာ အတွက် လူရွေးချယ်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ကာ ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီများ သေချာစွာ စိစစ်ရွေးချယ်ထားသည် ဟုဦးဝင်းထိန်ကပြောသည်။

“ရွေးပုံရွေးနည်းကလည်း အမျိုးသားရင်ကြားစေ့ရေးရယ်၊ တိုင်းရင်းသားနဲ့ တိုင်းပြည်အကျိုးပြုမယ့် အခြားပါတီ က ဖြစ်ဖြစ် အပြင်ကပဲဖြစ်ဖြစ် အဲ့ဒီလိုရွေးတာ၊ ရွေးတဲ့အခါမှာ တော်တော်သတိထားပြီးရွေးတာ၊ ကြေငြာဖို့ဆို တာ တိုင်ပင်ရတယ်” ဟု ဦးဝင်းထိန်က ပြောသည်။

ထွက်ပေါ်လာခဲ့သည့် သတင်းများ နှင့် ပက်သက်၍ အမျိုးသားဒိမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမစတင်မီ သတင်းထောက်များက မေးမြန်းရာတွင် “ပြောတဲ့သူကိုပဲမေးပါ၊ အဲ့ ဒီကိစ္စအတွက် ပြောစရာမရှိပါဘူး” ဟု ပြန်လည်ဖြေကြားသည်။

ထွက်ပေါ်ခဲ့သည့် သတင်းများတွင် ပြည်သူ့ လွှတ်တော်ဥက္ကဌအဖြစ် လက်ရှိပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းဆောင်နေသည့် ဦးဝင်းမြင့် နှင့် အမျိုးသားလွှတ်တော် ဥက္ကဌအဖြစ် ၂၀၁၅ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့သည့် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမန်းဝင်းခိုင်သန်း ဟု အမည်အတိအကျဖြင့် နှစ်ဦးပါဝင်ခဲ့ပြီး ဦးမန်းဝင်းခိုင်သန်းသည် ရာနှင့်ချီသော NLD ပါတီ၏ အနိုင်ရကိုယ်စားလှယ်များအနက် တစ်ဦးတည်း လွှတ်တော်အစည်းအဝေးများသို့  လာရောက်လေ့လာလျက်ရှိသည်။

The Street View
https://www.facebook.com/The-Street-View
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment