“တာမွေမြို့နယ်တွင် လက်နက်ကိုင်ဆောင်သူတဦးအား ဖမ်းဆီးရမိ”



ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ဦးထွန်းမြတ်လမ်းပေါ်၌ မော်တော်ယာဉ်တစင်းပေါ်မှ ပစ္စတိုသေနတ်တစ်လက်နှင့်ကျည်ဆံများဖြင့် လူတဦးကို ဖေဖော်ဝါရီ ၆ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၆ မနက် ၂ နာရီကျော်ခန့်အချိန်တွင် တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ဦးထွန်းမြတ်လမ်းလမ်းပေါ်၌ မီးဖွင့်ပြီးရပ်ထားသော မော်တော်ယာဉ်တစင်းအား မသင်္ကာ၍စစ်ဆေးရာ မော်တော်ယာဉ်ပေါ်တွင် အောင်မြတ်ကျော်(ခ)ညီညီစိုး၊ အသက် ၂၆နှစ် လွယ်ထားသော ဘေးအိတ်ထဲမှ သြစတြီးယားနိုင်ငံလုပ် GNP 190 နံပါတ်ပါ 9MM ပစ္စတိုတလက်(လေဆာပါ)၊ 9MM Luger တံဆိပ်ပါ သံကိုယ်ထည်အနက်ရောင် (ကျည် ၁၂ တောင့်) ပါ ကျည်အိမ်တစ်ခု၊ 9MM Luger တံဆိပ်ပါ (ကျည် ၁၀ တောင့်) ထည့်ထားသော ကျည်အိမ်တခုနှင့် 9MM Luger တံဆိပ်ပါ ကျည်ဆံ(၅၀)တောင့်တို့အား တွေ့ရှိရသဖြင့် (ပ) ၁၁၇/၂၀၁၆ ပြစ်မှုပုဒ်မ ၁၉ (စ) ဖြင့် တာမွေမြိုကနယ်ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင် သိရသည်။

နောက်ဆုံး သိရသည်မှာ အောင်မြတ်ကျော်(ခ)ညီညီစိုးအား တာမွေရဲစခန်းမှ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment