ရွှေမျှောစွန့်ပစ်မြေစာပုံအောက်တွင် ကလေးငယ်တစ်ဦးအား သတ်ဖြတ်၍ အလောင်းဖျောက်ဖျက်ခြင်းခံထားရ


ဟုမ္မလင်း၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ရွှေမှော်နံ့သာအုပ်စု၊ ပါသက်ရွှေမှော် ဈေးတန်းအနီးရှိ ရွှေမျှောစွန့်ပစ်မြေစာပုံတစ်ခုအောက်တွင် အသက်(၇)နှစ်အရွယ် ကလေးငယ်တစ်ဦးအား သတ်ဖြတ်၍ အလောင်းအား ဖျောက်ဖျက်ခံထားရကြောင်း တုံမတက်ကျေးရွာနေ ရွှေလုပ်သား တစ်ဦးနှင့် စေတီဆိပ် ကျေးရွာနေ ရွှေလုပ်သားတစ်ဦးတို့က မိုင်းကိုင်းနယ်မြေရဲစခန်းသို့ သွားရောက်အကြောင်းကြားခဲ့သည်။

ထို့ကြောင့် အမှုစစ် ခေတ္တရဲစခန်းမှူး ရဲအုပ် နိုင်လင်းထွန်းက တရားလိုးပြုလုပ်၍ ဖေဖော်ဝါရီ ၄ ရက် မနက် ၆ နာရီခွဲအချိန်ခန့်တွင် အမှုကြီးဖြစ်စဉ်အမှတ် (၂ / ၂၀၁၆ ) (ပ)၊ ၁၁/ ၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုရေးဖွင့်ခဲ့သည်။ ထို့နောက် ဟုမ္မလင်းမြို့နယ် ဒုတိယ တရားသူကြီး ဦးဥာဏ်လင်းထွန်း၊ နမ့်တောကျေးရွာ တိုက်နယ် ဆရာဝန် ဒေါက်တာ သန်းကျော့ခိုင် ၊ နံ့သာကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျန်ရှိန်နှင့် အဖွဲ့တို့သည် ကလေးငယ်အလောင်း မြုတ်နှံဖျောက်ဖျက်ထားသည့်နေရာသို့ သွားရောက်၍ အလောင်းအား တူးဖော်စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် ရွှေမျှောမှီးစွန့်ပစ်မြေစာပုံအား တူးဖော်ခဲ့ရာ နှစ်ပေခန့် အနက်နေရာအရောက်တွင် ပလပ်စတစ်အိတ် အပိုင်းဖြတ်ဖြင့်ရစ်ပတ်လိပ်ထားသော ကလေးငယ် အလောင်းတစ်လောင်းအား တွေ့ရှိခဲ့ရသည်။ ၎င်းအလောင်းအား သက်ဆိုင်ရာမှ စစ်ဆေးရာ ဦးခေါင်းဝဲဘက် ညိုမဲပျော့အိဒဏ်ရာ၊ မျက်နှာညိုမဲဒဏ်ရာ၊ ပါးစပ် နှာခေါင်း သွေးထွက်ဒဏ်ရာ နှင့် အခြားဒဏ်ရာများစွာတို့ကို တွေ့ရှိခဲ့ရသည်။
အဆိုပါ နေရာအနီးရှိ ရွှေလုပ်သားများ၏ ပြောပြချက်များအရ သေဆုံးသူမှာ ဟုမ္မလင်းမြို့နယ်၊ နံ့သာရွှေမှော်အုပ်စု၊ ပါသက်ရွှေမှော်နေ အဘ ဦးနေမျိုး၊ အမိ ဒေါ်အေးမြတို့၏ သား မောင်အောင်ဝေ အသက်(၇) နှစ်ဆိုသူဖြစ်သည်။ ထို့ကြောင့် အရွယ်မရောက်သေးသည့် ကလေးသူငယ်အား သတ်ဖြတ်၍ အလောင်းအား ရွှေမျှောစွန့်ပစ်မြေစာပုံအောက်တွင် ဖျောက်ဖျက်ခဲ့သည့် ပြစ်မှုကျူးလွန်ခဲ့သူကို ရဲတပ်ဖွဲ့မှ အပူတပြင်း စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

ပုံစာ = ဟုမ္မလင်းမြို့နယ်မှ ရွှေမျှောလုပ်ငန်းများအား မြင်တွေံရပုံ ဓာတ်ပုံ = ကိုတိုးကြီး

သတင်း၊ + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment