မော်လမြိုင်တွင် ဆိုင်ကယ်စီးနင်းသူအား လူငယ်ငါးဦးမှရိုက်နှက်၍ ပစ္စည်းလုယူ


မွန်ပြည်နယ် မော်လမြိုင်မြို့ နယ် မုယောင်းကျေးရွာ ပွတ္တလူး ကုန်းရပ်နေ ရာဂျူးအသက်(၄ဝ) (ဘ)ဦးမူနုဆာမိ (တမီလ်/ဗုဒ္ဓ) သည် ဇန်နဝါရီ ၃၁ရက် ညနေ ၄နာရီခန့်က မော်လမြိုင်မြို့မ ရဲစခန်း သို့လာရောက်၍ ၄င်း၏ညီဖြစ်သူ အာရမွန်အား ဝိုင်းဝန်းရိုက်နှက်ထိုး ကြိတ်၍ ပစ္စည်းများလုယူသွားသူ သီဟဇော်(ခ)ဇော်ဇော်ပါ ငါးဦးအား ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်တန်းခဲ့သဖြင့် မော်လမြိုင်မြို့မ ရဲစခန်းမှ ယင်းနေ့ ညနေ ၄နာရီခွဲ တွင်သီဟဇော်(ခ)ဇော်ဇော်ပါငါးဦး တို့အား (ပ)၁ဝ/၂ဝ၁၆၊ ပြစ်မှုပုဒ်မ ၃၉၇ အရအမှုဖွင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဇန်န ဝါရီ ၃ဝ ရက် ည ၉ နာရီခွဲက မော်လမြိုင်မြို့နယ် မုယောင်းကျေး ရွာ ပွတ္တလူးကုန်းနေ အာရမွန် (၂၂နှစ်)(ဘ)ဦးမူနုဆာမိ(တမီလ်/ ဗုဒ္ဓ)သည် မော်လမြိုင်မြို့ ပြည် သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် ဖခင်ဖြစ်သူထံ ဆိုင် ကယ်ဖြင့် သွားရောက်စဉ် မော်လ မြိုင်မြို့ ဘိုကုန်းရပ်ကွက် သိပ္ပံ ကျောင်းလမ်း သဲအင်းဂူရိပ်သာ ဘုန်းကြီးကျောင်းရှေ့ အရောက် တွင် ဆိုင်ကယ်သုံးစီးဖြင့် အမည် မသိ လူငယ်ငါးဦးခန့်က ဝိုင်းဝန်း ထိုးကြိတ်ရိုက်နှက်၍ အာရမွန် စီးနင်းလာသည့် ဟွန်ဒါဒရင်း-၁၂၅ အမျိုးအစားအပြာရောင်ဆိုင် ကယ်အမှတ် ယာယီ/---- ဆိုင် ကယ်(ခန့်မှန်းတန်ဖိုး ၁၇ဝဝဝဝဝ) နှင့်အလေးချိန်တစ်ကျပ်သား ကျော် ရှိ ရွှေဟန်းချိန်းတစ်ကုံး (ခန့်မှန်း တန်ဖိုး ကျပ်ရှစ်သိန်း)၊ အလေးချိန် ငါးမူးသားရှိ ရွှေလက်စွပ်တစ်ကွင်း (ခန့်မှန်းတန်ဖိုး ကျပ်လေးသိန်း)၊ နားကွင်းနှစ်ခု (ခန့်မှန်းတန်ဖိုး ကျပ် တစ်သိန်း) စုစုပေါင်းခန့်မှန်းတန်ဖိုး (ကျပ်သိန်း၃ဝ)ကို လုယက်ယူဆောင် ကာ မုတ္တမဘက်သို့ ထွက်ပြေး မောင်းနှင်သွားခဲ့သည်။
လူငယ်ငါးဦးက ဝိုင်းဝန်းရိုက် နှက်ထိုးကြိတ်မှုကြောင့် အာရမွန် တွင် ဦးခေါင်းငယ်ထိပ် နှစ်လက်မ ခန့် ပေါက်ပြဲဒဏ်ရာ၊ယာပါးပေါက် ပြဲဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာ များ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မော်လ မြိုင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါသတင်းရရှိသည်နှင့် မော်လမြိုင်မြို့မရဲစခန်းမှူး ဒုရဲမှူး အောင်သန်းမြင့်နှင့်တပ်ဖွဲ့ဝင်များ၊ မုတ္တမနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မုတ္တမမြို့အတွင်း ချက်ချင်းလိုက်လံ စုံစမ်းရှာဖွေခဲ့ရာ ဇန်နဝါရီ ၃၁ရက် ည ၁၂နာရီ ၄၅မိနစ်တွင် မုတ္တမမြို့ ကော့စိုင်ရပ်ကွက် ခေမာသီဝံ ကျောင်းတိုက်ရှေ့ကားလမ်းမဘေး ဈေးတန်း၌ ဆိုင်ကယ်တစ်စီးအား ငွေကျပ်ငါးသိန်းဖြင့် လိုက်လံ ရောင်းချနေသော အမည်မသိ လူငယ်ငါးဦးအား ဆိုင်ကယ်သုံး စီးဖြင့်တွေ့ရှိရ၍ စစ်ဆေးမေးမြန်း စဉ် လူငယ်သုံးဦးမှာ ဆိုင်ကယ်နှစ် စီးဖြင့် ထွက်ပြေးတိမ်းရှောင်သွား ခဲ့သည်။ ထို့နောက် မော်လမြိုင်မြို့ လှိုင်ရပ်ကွက် ရွှေပြည်အေးရပ် ခြံကုန်းရပ်နေ ရေချမ်း(၁၉နှစ်) (ဘ)ဦးဆန်းဦးနှင့် တစ်ရပ်ကွက် တည်းနေမြင့်မြတ်အောင်(ခ) ပါကျဲ (၂၃နှစ်)(ဘ)ဦးကြည်လှိုင်တို့ နှစ် ဦးအား နံပါတ်မပါ ဟွန်ဒါဒရင်း-၁၂၅ အမျိုးအစားအပြာရောင်ဆိုင် ကယ်တစ်စီးနှင့်အတူဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးအား စစ်ဆေးမေး မြန်းချက်အရသီဟဇော်(ခ)ဇော်ဇော်၊ သန်းဝင်းအောင်၊ ကျော်စိုးလှိုင်တို့ သုံးဦးနှင့်အတူ ဝိုင်းဝန်းရိုက်နှက် ထိုးကြိတ်ကာ မော်တော်ဆိုင်ကယ် နှင့် ပစ္စည်းများအားလုယူ၍ မုတ္တမ ကျေးရွာဘက်သို့ မောင်းနှင်ထွက် ပြေးခဲ့ကြောင်း၊ ထွက်ပြေးတိမ်း ရှောင်နေသည့် သီဟဇော်(ခ)ဇော် ဇော်ပါသုံးဦးအနက်သီဟဇော်အား ထပ်မံဖမ်းဆီးရမိခဲ့ပြီး သန်းဝင်း အောင်နှင့် ကျော်စိုးလှိုင်နှစ်ဦးအား ဖမ်းဆီးရမိရေးအတွက် ဆက်လက် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်နိုင်(မွန်)
The Union Daily
http://uniondaily.net/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment