ယာဉ်ကြောမရှင်းဘဲ လမ်းဖြတ် ကူးသည့် ဆိုင်ကယ်မောင်းနှင်သူ ပွဲချင်းပြီးသေဆုံး


နောင်ချိုမြို့နယ် ဆမ္မဆယ် ကျေးရွာအုပ်စု ရေမောင်း တန်းကျေးရွာ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်း မိုင်တိုင်အမှတ် ၆၆/၇-၆၆/ ၈ကြားတွင် ယမန်နေ့ ည ၁၁ နာရီခွဲခန့်က ယာဉ်မောင်းဖြိုးဝေသူ (၂၃နှစ်) ဖရဲသီး များ တင်ဆောင်မောင်းနှင်လာသည့် နီဆန်း ၁၂ဘီး အဖြူ ရောင်ယာဉ်သည် ယာဉ်လမ်းအတိုင်း မောင်းနှင်လာစဉ် ရေမောင်းတန်းကျေးရွာရှိ စိန်ကမ္ဘာလင်းစားသောက်ဆိုင် အနီး ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် ဈေးရောင်းပွဲတော် အတွင်းမှ အိုက်မောင် အသက်(၄ဝ)မှာ (URBAN SPORT) 125 နက်ပြာရောင်ဆိုင်ကယ်စီးနင်းကာ ရုတ်တ ရက်ဖြတ်မောင်းသဖြင့် ယာဉ်နှင့်ဆိုင်ကယ်တို့ ပြင်းထန်စွာ တိုက်မိခဲ့သည်။

ယာဉ်တိုက်မှုကြောင့် အိုက်မောင် အသက်(၄ဝ) နောင်ချိုမြို့နယ် လောက်ဖန်းကျေးရွာနေထိုင် သူ ရှမ်း လူမျိုးမှာ ဒဏ်ရာပြင်းထန်စွာရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားသည်။

 ဆိုင်ကယ်ကို ယာဉ်ကြောရှင်းမရှင်း ပေါ့ဆစွာ မောင်းနှင်သောသေဆုံးသူ အိုက်မောင်အား နောင်ချိုမြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

စိုးစိုး(နောင်ချို)
The Union Daily
http://uniondaily.net
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment