ငြုပ်သီးပုံမှန်စားသူတွေက သာမန်ထက်ပိုပြီး အသက်ရှည်ရှည် နေနိုင်စွမ်း ရှိပါတယ်။
သင်ဟာ အစားအသောက် စားတဲ့အခါ ခပ်စပ်စပ်လေး စားလိုက်ရမှ၊ ငရုပ်သီးပါမှ ပိုလို့စားကောင်း တက်သူဆိုရင်တော့ သတင်းကောင်းတစ်ပုဒ်ရှိပါတယ်။ ငရုပ်သီးစားခြင်းကြောင့် ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိနေပါတယ်။
ငရုပ်သီးကြိုက်သူတွေဟာ အသက်ပိုပြီး ရှည်ကြပါသတဲ့။ ဒါပေမယ့် ဘယ်အရာပဲ ဖြစ်ဖြစ် တန်ဆေးလွန်ဘေး ဆိုတာကိုတော့ မမေ့ဖို့ တိုက်တွန်းပါရစေ။
၁။ ငရုပ်သီးစားခြင်းကနေ ပထမဆုံးရမယ့် အကျိုးကျေးဇူးကတော့ ဝိတ်ကျသွားစေတာပါပဲ။ ငရုပ်သီးအစပ် ပါဝင်တဲ့ အစားတွေစားခြင်း၊ စွပ်ပြုတ်တွေ သောက်ခြင်းနဲ့ ငရုပ်သီးအနီတောင့်က ပိုပြီး ဝိတ်ကျစေပါတယ်။
၂။ ကင်ဆာကို ကာကွယ်ပေးပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ ကင်ဆာဖြစ်ပွားနိုင်ချေရှိတဲ့ ဆဲလ်တွေ ရှိနေတက်ပါတယ်။ ဒီဆဲလ်တွေ ကြီးထွားပျံ့နှံ့လာမှုကို ငရုပ်သီးမှာ ပါဝင်တဲ့ ဓာတ်တွေက တိုက်ဖျက်ပေးပါတယ်။
၃။ အသက်ရှည်မယ်။ ဒါဟာ ငရုပ်သီးစားခြင်းတွေထဲက အကောင်းဆုံး အာနိသင်ဖြစ်ပါတယ်။ နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါတွေ၊ ကင်ဆာတွေကို ပျောက်ကင်းစေရုံသာမက သွေးတိုးတာကို ကာကွယ်ပေးပါတယ်။ ငြုပ်သီးကို တစ်ပတ် အနည်းဆုံး သုံးရက်စားမယ်ဆိုရင် အရွယ်မတိုင်ခင် သေဆုံးမှုနှုန်း ၁၄ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။

Credit - Duwun
0 comments:
Post a Comment