လွိုင်ကော်မြို့ပေါ်တွင် ပိုက်ဆံအိတ်လုယက်သူများရှိနေ


ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့အတွင်း ကျောင်းဆရာမတစ်ဦး ပိုက်ဆံအိတ်ကို လူငယ်နှစ်ဦးက လုယှက်ခဲ့သည့်ဖြစ်ရပ် ယခုလအတွင်းတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

လွိုင်ကော်မြို့ ဗဟိုဈေး လပ်ကီးကုန်စုံဆိုင်နှင့် ပုလဲထွန်း ဆေးဆိုင်ရှေ့ လမ်းမကြီးပေါ်တွင် ဖေဖော်ဝါရီလ (၂)ရက်နေ့ ညနေ (၇)နာရီအချိန်ခန့်တွင် ကျောင်းဆရာမတစ်ဦး ပိုက်ဆံအိတ် လုယက်ခံခဲ့ရကြောင်းသိရသည်။

ဖြစ်စဉ်မှာ ညနေ(၇)နာရီခန့်တွင် အသက်(၅၀)ခန့်ရှိသော ကျောင်းဆရာမတစ်ဦးက ပိုက်ဆံအိတ်ကို အရှေ့ဆိုင်ကယ် ခေါင်းပိုင်းတွင် ချိတ်ထားပြီး မောင်းနှင်လာသည်ကို အသက်(၁၆)နှစ်အရွယ်ခန့် အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် ပိုက်ဆံအိတ်ကို ဆွဲယူရာမှ ကျောင်းဆရာမက အော်လိုက်ခြင်းကြောင့် ပိုက်ဆံအိတ်ပါမသွားပဲ ဆိုင်ကယ်သာလဲကျခဲ့ကြောင်း သိရသည်။

“ကျောင်းဆရာမက အရှေ့မှာပိုက်ဆံအိတ်ကိုင်ပြီး ဆိုင်ကယ်စီးလာတော့ အနောက်ကနေ ကောင်လေးနှစ်ယောက် ဆွဲယူနေတာဖြစ်မယ်။ အဲတော့ ကျောင်းဆရာမ ဘာလုပ်တာလဲလို့အော်ပြီး ဆိုင်ကယ်လဲကျသွားတယ်။ လူတွေလည်း ၀ိုင်းပြီးလာကြည့်ကြတော့. အဲကောင်လေးနှစ်ယောက်လဲ ဆိုင်ကယ်မောင်းပြေးသွားတယ်။ ပိုက်ဆံအိတ်တော့ ပါမသွားဘူး။” ဟု အနားက မျက်မြင်တစ်ဦးက ဆိုသည်။

ထိုကဲ့သို့ ဆိုင်ကယ်စီးပြီး ပစ္စည်းတစ်စုံတစ်ရာလုယူပြီး ဆိုင်ကယ်မောင်းပြေးသောဖြစ်စဉ်ကို လွိုင်ကော်တွင် မကြားဖူးသေးကြောင်း လွိုင်ကော်မြို့နယ်ရဲစခန်းသို့ မေးမြန်းရာမှာ ယင်းကဲ့သို့ အမှုကို တိုင်ကြားခြင်းမရှိသေးကြောင်း ကောလဟာလဖြစ်နိုင်ကြောင်း ဆိုသည်။

ပြီးခဲ့သည့်လအတွင်းတွင် လွိုင်ကော်မြို့ နောင်ယား(ခ)ရပ်ကွက်ရှိ ဖုန်းအရောင်းဆိုင်တစ်ခုတွင် သူခိုးဖောက်ထွင်းခံခဲ့ရသည့် ဖြစ်စဉ်မျိုး ရှိခဲ့ဖူးကြောင်းသိရသည်။

Written by ဖြိုးဝေအောင်
Kantarawaddy Times
http://www.ktimes.org
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment