တန်ဇန်းနီးယား အမျိုးသမီးတိုက်ခိုက်ခံရမှုကို ဖော်ထုတ်ရန် အဆင့်မြင့်အဖွဲ့ အိန္ဒိယဖွဲ့စည်း


နယူးဒေလီ ဖေဖော်ဝါရီ ၅

အိန္ဒိယနိုင်ငံတောင်ပိုင်းမြို့ ဘန်ဂါလူရူ၌ ပြီးခဲ့သောတနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော တန်ဇန်းနီးယားအမျိုးသမီး တစ်ဦး လူမဆန်စွာ တိုက်ခိုက်ခံရမှုကိုဖော်ထုတ်ရန် တန်ဇန်းနီးယားသံတမန်ပါဝင်သော အဆင့်မြင့်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ယင်းအဖွဲ့တွင် တန်ဇန်းနီးယား သံအမတ်ကြီး မစ္စတာ ဂျွန်ကီကျာဇီနှင့် အိန္ဒိယနိုင်ငံဆိုင်ရာ ပြည်ပရေးရာ ဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်သည်။

ပြီးခဲ့သော တနင်္ဂနွေနေ့ညက ဘန်ဂါလူရူ၌ ဆူပူသောင်းကျန်းနေသည့် လူဦးရေ ၂ဝဝ ပါဝင်သောလူအုပ်က အသက်၂ဝ အရွယ်ရှိ တန်ဇန်းနီးယားကျောင်းသူတစ်ဦးကို ကားပေါ်မှဒယဥ့်တိုက်ဆွဲထုတ်၍ ရိုက်နှက်ခဲ့ကြ သည်။

ကြောက်မက်ဖွယ်ကောင်းသော ထိုအမှုနှင့် ဆက်စပ်နေသူ ငါးဦးကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးနိုင်ခဲ့သည်။

ပြည်ပရေးရာဝန်ကြီးက ယင်းအဖြစ်အပျက်သည် အိန္ဒိယအနေဖြင့် ရှက်ဖွယ်ရာဖြစ်ကြောင်း ပြောခဲ့သည်။ အလားတူ ပင် တန်ဇန်းနီးယား သံအမတ်ကြီးကလည်း ယင်းအမျိုးသမီးသည် လူမည်းတစ်ဦးဖြစ်ခြင်းကြောင့် တိုက်ခိုက်ခံရ ခြင်းဖြစ်ကြောင်း၊ ၂၁ ရာစုတွင် ယခုကဲ့သို့မဖြစ်သင့်ကြောင်း ပြောခဲ့သည်။

(ဆင်ဟွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment