ဆိုမာလီယာနိုင်ငံ ဒါလိုလေကြောင်းပိုင် လေယာဉ်တစ်စင်း မီးလောင်ကျွမ်းသဖြင့် အရေးပေါ်ဆင်းသက်


မိုဂါဒစ်ရှူး ဖေဖော်ဝါရီ ၃

ဆိုမာလီယာနိုင်ငံ ဒါလို လေကြောင်းပိုင် လေယာဉ်တစ်စင်း သည် မိုဂါဒစ်ရှူးလေဆိပ်မှ ပျံတက် စဉ်မိနစ်အနည်းငယ်အတွင်း မီး လောင်ကျွမ်းမှုဖြစ်ပွားသဖြင့် ခရီး သည်နှစ်ဦးဒဏ်ရာရရှိပြီး အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း တာဝန်ရှိသူ များက ပြောကြားသည်။

အဆိုပါ လေယာဉ်ခရီးစဉ်အမှတ် ဒီ ၃၁၅၉သည် မိုဂါဒစ်ရှူးမှ ဒီဂျီဘို တူသို့စတင်ပျံသန်းစဉ် လေယာဉ် ကိုယ်ထည်ဘေး၌ ဗုံးပေါက်ကွဲမှုဟု ယူဆရသော ပေါက်ကွဲမှုဖြစ်ပွား သဖြင့် အပေါက်တစ်ပေါက်ဖြစ်သွား ကြောင်း လေကြောင်းပို့ဆောင်ရေးနှင့် ပြည်သူ့လေကြောင်းဝန်ကြီး အလီ အာမက်ဂျမားကပြောကြားသည်။ ဒီ ပေါက်ကွဲမှုအတွက် အစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ ကြောင်း၊ ခရီးသည်နှစ်ဦးဒဏ်ရာရ ကြောင်း အတည်ပြုနိုင်ခဲ့ပြီး တစ်ဦး မှာ ပျောက်ဆုံးနေကြောင်း ၄င်းက သတင်းထောက်များအား ပြောကြား သည်။

၎င်းပေါက်ကွဲမှုကြောင့် ခရီး သည်တစ်ဦး လေယာဉ်အပြင်သို့လွင့် စဉ်ထွက်သွားကြောင်း မျက်မြင် သက်သေတစ်ဦး၏ ပြောကြားချက် အရ သိရသည်။ လေယာဉ်အတွင်း ပေါက်ကွဲသံများ ကြားရပြီးနောက် ပေတစ်သောင်းနှင့် တစ်သောင်းလေး ထောင်အမြင့်အတွင်း ပျံသန်းနေသော ၄င်းလေယာဉ်အား မိုဂါဒစ်ရှူးလေဆိပ် သို့ ပြန်လည်ဆင်းသက်ခိုင်းခဲ့ရ ကြောင်း ဂျမားက ပြောကြားသည်။
''ကျွန်တော်တို့အနေနဲ့ လေယာဉ် မှူးက ဆင်းသက်ခွင့်တောင်းခံတာကို ခွင့်ပြုခဲ့ပြီး ခရီးသည်တွေလိုအပ်တဲ့ အကူအညီတွေကို ပေးခဲ့ပါတယ်''ဟု ၄င်းက ပြောကြားသည်။ ''ဒီဖြစ်ရပ် ဖြစ်တဲ့အချိန်မှာ ကျွန်တော်အိပ်ပျော် နေခဲ့ပါတယ်။ ခရီးသည်တွေရဲ့ ကြောက်လန့်တကြား ပြေးလွှားနေတဲ့ အသံတွေကြောင့်ကျွန်တော်နိုးလာခဲ့ပါတယ်။ လေယာဉ်မှူးအနေနဲ့ အကောင်းဆုံးလုပ်ဆောင်ပြီး ကျွန် တော်တို့ရဲ့အသက်ကို ကယ်တင်ခဲ့ပါ တယ်။ ဒဏ်ရာရတဲ့ခရီးသည်နှစ်ဦးက လွဲပြီး ကျန်ခရီးသည်အားလုံးကို ကယ်တင်နိုင်ခဲ့ပါတယ်''ဟု ခရီးသည် တစ်ဦးဖြစ်သူ ဝါဟီရီက ဆိုသည်။

 လေယာဉ်ထဲမှ လွင့်ထွက်သွားသည့် ခရီးသည်ကို ဘလတ်ခရိုင် အလယ် ရှာဘီလီဒေသမှာ ရှာတွေ့ခဲ့သည်ဟု သိရကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်း များကို ကြီးကြပ်ဆောင်ရွက်ပေးခဲ့ သည့် ဆိုမာလီအစိုးရကို ကျေးဇူး တင်ကြောင်း ၄င်းကဆိုသည်။ အဆိုပါ လွင့်စဉ်ထွက်သွားသော ခရီး သည်မှာ ပေါက်ကွဲမှု၏ အဓိကတရား ခံဖြစ်နိုင်ကြောင်း သတင်းရပ်ကွက် များက ဆိုသည်။

(ဆင်ဟွာ)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment