ဗလန်စီယာကို ဘာစီလိုနာက ၇ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ ဟက်ထရစ်သွင်းတဲ့မက်ဆီက ဂိုး ၅၀၀ ပြည့်ခဲ့ပါတယ်။
ဘာစီလိနာကစားသမား မက်ဆီက ဗလန်စီယာနဲ့ ပွဲစဉ်မှာ ဟက်ထရစ်သွင်းဂိုး ရခဲ့ပြီးတဲ့နောက် ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ဂိုး ၅၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင် မက်ဆီရဲ့ စုစုပေါင်း သွင်းဂိုးက ၅၀၁ ဂိုးရှိခဲ့ပါပြီ။
၂၀၁၆ ခုနှစ်ထဲမှာတင်ပဲ မက်ဆီသွင်းယူထားတဲ့ ဂိုးက ၁၆ ဂိုးရှိသွားပါပြီ။ ဒါဟာ လာလီဂါမှာ ၂၀၁၆ အတွင်း အများဆုံး စံချိန်ပါ။ ဖေဖော်ဝါရီ ၄ ရက်နေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ ဗလန်စီယာနဲ့ ပွဲစဉ်မှာ မက်ဆီက ပထမပိုင်းတစ်ဂိုး၊ ဒုတိယပိုင်း နှစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ မက်ဆီရဲ့ အသင်းဖော် တိုက်စစ်မှူး ဆွာရက်ဇ်ကတော့ လေးဂိုးသွင်းနိုင်ခဲ့ပါတယ်။
ဒုတယပိုင်းမှာ သွင်းယူတဲ့ မက်ဆီရဲ့ ဒုတိယဂိုးက သူ့အတွက် ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ဂိုး ၅၀၀ ပြည့်တဲ့ ဂိုးဖြစ်ပြီး နောက်ထပ် တတိယဂိုးကတော့ ၅၀၁ ဂိုးမြောက် ဖြစ်ခဲ့ပါတယ်။

Credit - Duwun
0 comments:
Post a Comment