ချစ်သူများနေ့မှာ ဘာ Surprise မှ မရှိခဲ့ဘူးလို့ ဖွင့်ဟလာတဲ့ ရွှေမှုန်ရတီက သူမရဲ့ အချစ်ရေးမှာ ပြောပြစရာမရှိတော့ကြောင်း ဆို


ပထမဦးဆုံး လက်ခံရိုက်ကူးတဲ့ ဇာတ်လမ်းတွဲအနေနဲ့ အချစ်ကိုဖန်ဆင်းသူဆိုတဲ့ ကားထဲမှာ မေပျိုဆိုတဲ့ ကာရိုက်တာကို ပီပြင်စွာ သရုပ်ဆောင်နေသူကတော့ ရွှေမှုန်ရတီပါ။ ဇာတ်ရဲ့ လိုအပ်တဲ့ လိုအပ်မှုမှန်သမျှကို အသေးစိတ်ကအစ စဉ်းစားတွေးခေါ်ကာ ပြင်ဆင်ရိုက်ကူးပေးနေတဲ့ ရွှေမှုန်က ၂၀၁၆ ထဲမှာ ကားကြီးတွေပဲ ပိုမိုလက်ခံဖြစ်ထားပြီး ဗီဒီယိုရိုက်ကူးမှုအနေနဲ့ လျှော့ထားတယ်လို့လဲ သိရသလို လက်ရှိမှာ ရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲ အကြောင်းကို အသေးစိတ်ပြောပြလာတဲ့အခါ
"အခုရိုက်နေတာက မြ၀တီမှာလွှင့်မဲ့ ဇာတ်လမ်းတွဲပေါ့။ အချစ်ကိုဖန်ဆင်းသူတဲ့။ ကိုကောင်းပြည့်ပါမယ်။ ရွှေပိုးအိမ်ပါမယ်။ ကောင်းဆက်ထူး ပါမယ်။ နောက် အန်တီသိဂ်ီထွန်းပါမယ်။ ရွှေမှုန်ရယ်ပေါ့။ ဒါရွှေမှုန့်ရဲ့ ပထမဆုံး ဇာတ်လမ်းတွဲလေးပါ။ ဒီဇာတ်လမ်းတွဲလေးကို လက်ခံဖြစ်ခဲ့တာက ကိုကောင်းပြည့်က အကူအညီတောင်းတာကြောင့်လဲ ပါတယ်။ နောက်ပြီးရွှေမှုန်ဒီဇာတ်ကိုတော်တော် သဘောကျတာရယ်ကြောင့်ပါ။ ဒီထဲမှာရွှေမှုန့် ကာရိုက်တာက တော်တော်လေး ချစ်စရာကောင်းတယ်။ ဇာတ်လမ်းလေးကလဲ မိုက်တဲ့အတွက် လက်ခံဖြစ်ခဲ့တာပါ"လို့ ပထမဆုံး ပြောပြသွားပါတယ်။
၂၀၁၆ ထဲမှာ ဗီဒီယိုထက်ကားကြီးတွေပိုမိုလက်ခံဖြစ်ထားတာနဲ့ပတ်သက်ပြီးတော့လည်း သူမက "ရွှေမှုန်ဒါပြီးရင် ပြင်ဦးလွင်မှာ ကားကြီး သွားရိုက်ရမယ်။ ကိုဇေရဲထက်နဲ့ပေါ့။ အဲ့ဒါပြီးရင်လဲတောက်လျှောက် က ပြင်ဦးလွင်နဲ့ ရန်ကုန်တစ်လှည့်စီပေါ့။ ကားကြီးတွေ လက်ခံထားတာ များပါတယ်။ ဗီဒီယိုနည်းသွားမယ်"တဲ့။
ပြီးခဲ့တဲ့ ချစ်သူများနေ့ဖြတ်သန်းမှုအပြင် သူမရဲ့ အချစ်ရေးကို ပရိသတ်တွေ စိတ်ဝင်စားနေကြပါတယ်။ အဲ့ဒီအကြောင်းလေး မေးကြည့်ဖြစ်တော့ "ချစ်သူများနေ့က ထွေထွေထူးထူးတော့မရှိဘူး။ ဒီအတိုင်းပါပဲ။ ဘာ Surprise မှလဲ မရှိပါဘူး။ လက်ရှိအချစ်ရေးနဲ့ပတ်သက်ပြီးတော့လဲ ဘာမှပြောပြစရာမရှိပါဘူး"လို့ သူမက ပြောသွားပါတယ်။
လက်ရှိမှာ ဖေ့စ်ဘုတ်၊ Instagram အစရှိတဲ့ ပရိသတ်နဲ့ထိတွေ့လို့ရတဲ့ နှစ်ခုစလုံးကို မသုံးဖြစ်တော့တာကတော့ အာရုံနောက်တာကြောင့်လို့ ဆိုပါတယ်။  " အဓိက အဲ့ဒါတွေကို မသုံးဖြစ်တာ ဟက်ကာတွေကြောင့်ပါ။ ကိုယ်နဲ့မဆိုင်ပဲ လိုက်လိုက်ဟက်နေကြတယ်။ အဲ့ဒါတွေကို မုန်းလို့မသုံးဖြစ်တော့တာပါ။ အခုလုံးဝမသုံးဖြစ်တော့ပါဘူး" လို့ ဖွင့်ဟသွားတဲ့ ရွှေမှုန်က  ၂၀၁၆ သင်္ကြန်ကိုတော့ ခရီးသွားဖြစ်မလား သီချင်းဆိုဖြစ်မလား အတိအကျမသိသေးပေမယ့် သီချင်းဆိုဖြစ်ဖို့များတဲ့အကြောင်း ပြောသွားပါတယ်။
ခင်ဆွေသက် 
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment