သင့် နာမည်စာလုံး အရေအတွက် ဘယ်လောက်ရှိပါသလဲ။ အရာရာတိုင်းမှာ အဓိပ္ပါယ်တစ်ခုရှိပါတယ် ။ဒါကြောင့် သင့်နာမည်စာလုံးအရေအတွက်မှာလည်း ဆက်စပ်နေတဲ့ အချက်တွေ အများကြီးရှိပါတယ်။ နာမည်စာလုံး နည်းတဲ့သူတွေက စာလုံး ၄ လုံး သို့မဟုတ် ပိုရှည်တဲ့ နာမည်ပိုင်ရှင်တွေထက် အနည်းငယ် ဝင်ငွေပိုကောင်းတယ်ဆိုတာကို သက်သေပြထားပြီးဖြစ်ပါတယ်။ သင့်နာမည်စာလုံးက ဘာတွေပြောပြနေလဲ ဆိုတာ သိချင်ပါသလား။ သင့်နာမည်က-
၁) တစ်လုံးတည်းဆိုရင်တော့
သင်ဟာ စိတ်ကျေနပ်မှုအရမ်းရ လိုတတ်ပါတယ်။ တခါတလေ လူတွေက ကိုယ့်ကို အလေးအနက် မထားဘူးလို့ ခံစားရတတ်ပါတယ်။ ဒီလိုလူမျိုးတွေကို သူတို့မှားတယ်ဆိုတာ သက်သေပြနိုင်ဖို့အတွက် သင်က အရမ်းကို ကြိုးစားပြတတ်ပါတယ်။ သင့်နာမည်က ရိုးရှင်းပေမဲ့ သင်ကတော့ ရိုးရှင်းတဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ စရိုက်မျိုး ပိုင်ဆိုင်ထားတဲ့သူ ဖြစ်ပါတယ်။
၂)စာလုံးနှစ်လုံးရှိတဲ့ နာမည်ဆိုရင်တော့
စိတ်ကူးယဉ်တတ်တဲ့သူတစ်ယောက် မဟုတ်ဘဲ အားလုံးကို ဘွင်းဘွင်းရှင်းရှင်း ပြောတတ်သူတစ်ယောက်ဖြစ်တဲ့အတွက် စိတ်ကြီးတဲ့သူလို့ လူတစ်ချို့က ယူဆတတ်ကြပါတယ်။ဒါပေမဲ့ ပေါင်းသင်းဆက်ဆံရေးက အရေးပါတာကို နားလည်လာတဲ့အခါမှာ အတတ်နိုင်ဆုံး ကိုယ့်ရဲ့ အပြုအမူကို ပြင်ဖို့ ကြိုးစားတတ်ပါတယ်။ဒါပေမဲ့ သင့်လိုလူမျိုးတွေက ကိုယ်ရေးကိုယ်တာ ပြဿနာတွေကို အတိတ်မှာ ထားခဲ့ပြီး မေ့ပစ်နိုင်ဖို့ ခက်ခဲတတ်ပါတယ်။
၃)နာမည် စာလုံး သုံးလုံးရှိမယ်ဆိုရင်တော့
လူတိုင်းက သင့်ဆီက အကြံဥာဏ်ကို တောင်းခံတတ်ပါလိမ့်မယ်။နာမည်အတိုအရှည်က ပညာဥာဏ်ကို ရောင်ပြန်ဟပ်နေသလိုမျိုး ကိုယ့်ရဲ့ အကြံဥာဏ်ကို ယုံကြည်အားကိုးစွာနဲ့ တောင်းဆိုနေတဲ့သူတွေ အများကြီးရှိပါလိမ့်မယ်။
၎)နာမည် လေးလုံးနဲ့ လေးလုံးထက် ပိုရှည်တဲ့သူတွေက
အတွေးသမားတွေဖြစ်ပါတယ်။ လူတွေက သင့်ကို ဥာဏ်ကောင်းတဲ့သူလို့ ထင်တတ်ကြပါတယ်။ သင်ဟာ သင့်နာမည်လိုပဲ ရှုပ်ထွေးတဲ့သူဖြစ်ပါတယ်။ အတွေးတွေအရမ်းများပြီး စိန်ခေါ်မှုများစွာကို ခေါင်းထဲမှာ တစ်ချိန်လုံး စဉ်းစားနေတဲ့သူဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု မကြုံရစေဖို့ တစ်ကြိမ်မှာ အတွေးတစ်ခုကိုပဲ အာရုံစိုက်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။
Ref:shefinds
Source:trend.com.mm
0 comments:
Post a Comment