The Revenant ဇာတ်ကားဖြင့် ပထမဦးဆုံး အော်စကာဆု ဆွတ်ခူးသွားပြီဖြစ်တဲ့ Leonardo DiCaprio


နောက်ဆုံးတော့ (၈၈) ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာ Leonardo Dicaprio က သူ့ရဲ့ ပထမဦးဆုံး အော်စကာဆုကို ဖေဖော်ဝါရီ ၂၈ ရက် တနင်္ဂနွေနေ့မှာ ဆွတ်ခူးရရှိခဲ့ပါတယ်။ The Revenant ဇာတ်ကားဖြင့် အဓိက ဇာတ်ဆောင်ဆုကို DiCaprio လက်ခံရရှိခဲ့ပါတယ်။
သူဟာ စုစုပေါင်း ၆ ကြိမ်တိုင်တိုင် ဆန်ကာတင်ရွေးချယ်ခံခဲ့ဖူးသူ ဖြစ်ပါတယ်။ ကာလကြာရှည်စောင့်မျှော်ခဲ့တဲ့ ဒီဆုကို လက်ခံရယူဖို့ စင်မြင့်ဆီ လျှောက်လာခဲ့စဉ် မတ်တပ်ရပ် သြဘာပေးခြင်းခံခဲ့ရတဲ့ သူ့အတွက်တော့ အိမ်မက်တစ်ခုလို ဖြစ်ခဲ့ပါတယ်တဲ့။
"ကျေးဇူးအများကြီးတင်တယ်… The Revenant က အမောနိုင်မပန်းနိုင်အောင် အစွမ်းကုန် ကြိုးစားရိုက်ကူးခြင်းနဲ့ အတူ လက်တွဲလုပ်ပေးကြတဲ့ အဖွဲ့သားတွေရဲ့ အောင်မြင်မှုရလဒ်တစ်ခုပါ"လို့ အသက် ၄၁ နှစ်အရွယ် DiCaprio က ဖန်သားပြင်ပေါ်က သူ့ရဲ့ ကြမ်းကြုတ်မှုနဲ့ ချစ်ခင်ရင်းနှီးမှု ကင်းမဲ့ခြင်းအတွက် သူ့နဲ့ ပူးတွဲသရုပ်ဆောင်ထားသူ Tom Hardy ကို ကျေးဇူးတင်စကား မဆိုမီ ပရိသတ်ကို အရင်ပြောပြခဲ့ပါတယ်။
ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှု လုပ်ဆောင်နေသူ တစ်ဦးဖြစ်တဲ့ သူက နှုတ်ခွန်းဆက်စကားပြောဆိုနေစဉ် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုအကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ရာသီဥတုဖောက်ပြန်မှုက အခုလက်ရှိ ဖြစ်ပေါ်နေပါတယ်။ ကျွန်ုပ်တို့ရဲ့ မျိုးစိတ်အားလုံးရင်ဆိုင်နေတဲ့ အရေးကြီးဆုံး ခြိမ်းခြောက်မှုဖြစ်ပါတယ်။ ကျွန်ုပ်တို့ အတူတကွ ဝိုင်းဝန်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း" DiCaprio က ဆက်လက်ပြောဆိုခဲ့ပါတယ်။
The Revenant ဇာတ်ကားထဲမှာ DiCaprio က ၁၉ ရာစုအမေရိကန်လူမျိုး နယ်ခြားမျဉ်းပေါ် အခြေချနေထိုင်သူ Hugh Glass အဖြစ်သရုပ်ဆောင်ထားပြီး ဝက်ဝံတစ်ကောင်ရဲ့ ကိုက်ဖဲ့ကုတ်ဖဲ့ခဲ့ပြီးနောက် အဖော်တွေရဲ့ စွန့်ပစ်ခံရခဲ့သူ၊ မခံချင်စိတ်ကြောင့် ဝေဒနာဒဏ်ရာပေါင်းများစွာ ရှိနေပေမယ့်လည်း အဖော်တွေရှိရာကို ပြန်ပြီး သူ့သားကို သတ်ခဲ့တဲ့သူကို ဂလဲ့စားချေနိုင်ခဲ့သူ တစ်ယောက်အဖြစ် ပီပြင်စွာ သရုပ်ဆောင်ထားပါတယ်။ 
Ref: Usmagazine
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment