ကမာရွတ်မြို့နယ်၌ အမျိုးသားတစ်ဦး (၈)လွှာတိုက်ခန်းမှ ပြုတ်ကျ


တိုက်ခန်းတွေရဲ့ နမူနာဓါတ်ပုံပါ။ ပြုတ်ကျတဲ့ တိုက်ခန်းမဟုတ်ပါ။ 
ကမာရွတ်မြို့နယ်၌ အမျိုးသားတစ်ဦး တိုက်ပေါ်မှပြုတ်ကျသဖြင့် ဆေးကုသမှုခံယူလျက်ရှိ

ရန်ကုန်၊ ဧပြီ ၁၅

၁၄.၄.၂၀၁၆ ရက်နေ့ ၂၁၂၀ အချိန်တွင် ကမာရွတ်မြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ကမာရွတ်မြို့နယ်၊ (၈)ရပ်ကွက်၌ အမျိုးသား
တစ်ဦး တိုက်ပေါ်မှပြုတ်ကျကြောင်းသတင်းအရ သက်သေများနှင့်
အတူ သွားရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ တိုက်ပေါ်မှပြုတ်ကျသူမှာ အဆိုပါရပ်ကွက်နေ
ကိုမြင့်မြတ်အောင်၊ (၂၁)နှစ်ဖြစ်ပြီး အရက်သေစာများသောက်စား
ထားကာ တိုက်အောက်တွင်ရပ်ထားသောကားအား ရှိ/မရှိ ငုံ့ကြည့်စဉ်
၎င်းနေထိုင်သော (၈)လွှာတိုက်ခန်းမှ ပြုတ်ကျသွားခဲ့ရာ တိုက်ရှေ့
တွင် သွယ်တန်းထားသော ဓါတ်ကြိုးပေါ်မှတစ်ဆင့် မြေပြင်ပေါ်သို့
ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ပြုတ်ကျခဲ့၍ ကိုမြင့်မြတ်အောင်
တွင် ၀မ်းဗိုက်ပွန်းခြစ်ဒဏ်ရာ(၁)ချက်ရရှိခဲ့ပြီး သတိလစ်နေသဖြင့်
ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ဆေးကုသခဲ့ရာ ပုံမှန်သွေးလည်ပတ်မှု
ရှိပြီး စကားပြောနိုင်ခြင်းမရှိသေးကြောင်းနှင့် အရေးပေါ်ဌာနတွင်
စောင့်ကြည့်ကုသလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment