သင်္ကြန်အပြီးမှာ ကားကြီးနှစ်ကား ရိုက်ဖို့ရှိတဲ့ ပိုင်ဖြိုးသုက သင်္ကြန်ကိုတော့ အိမ်မှာပဲ ဖြတ်သန်းမှာဖြစ်ကြောင်း ဖွင့်ဟ

သင်္ကြန်မတိုင်ခင်လေးမှာ The Greatest Love ဆိုတဲ့ ဇာတ်လမ်းတိုလေးကို ရိုက်ကူးနေသူကတော့ ပိုင်ဖြိုးသုပဲဖြစ်ပါတယ်။ ၂၀၁၆ သင်္ကြန်ကိုတော့ အိမ်မှာပဲ ဖြတ်သန်းဖြစ်မှာဖြစ်ပြီး ဧပြီ ၃ ရက်နေ့မှာကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲနဲ့ပတ်သက်ပြီး သူမရဲ့ အမြင်များနဲ့လက်ရှိမှာ ရိုက်ကူးနေတဲ့ ဇာတ်လမ်းတိုအကြောင်းကို ပြောပြလာတဲ့အခါ
"အခုရိုက်နေတာက ဒါရိုက်တာ ဦသိန်းဟန် ( ဖီးနစ် ) နဲ့The Greatest Love ဆိုတဲ့ကားလေးရိုက်နေတယ်။ အဲ့ဒီထဲမှာ သုက ဆရာဝန်ဖြစ်ချင်တယ်။ ဆေးကျောင်းတက်ချင်တယ်။ အမှတ်ကလဲမှီတယ်။ ဒါပေမဲ့ ချို့တဲ့တော့ အမှတ်မှီပေမဲ့ ငွေရေးကြေးရေးအရ မတတ်နိုင်လို့ဆရာဝန်ဖြစ်ခွင့် မရှိဘူးပေါ့။ အဲ့ဒီလို ကာရိုက်တာလေးပါ။ သင်္ကြန်ကတော့ အိမ်မှာပဲအစ်မ။ ဘာမှအစီအစဉ်မရှိပါဘူး။ အရင်နှစ်တွေတုန်းကလဲ အိမ်မှာနေရင်နေ၊ မနေရင်ကျောင်းက ဆရာတွေဆေးကုတာ လိုက်ပေးတယ်။ မဏ္ဍပ်ကတော့ ဒီနှစ်ကအသံတွေ ထွက်ကြတယ်ပေါ့။ မလုပ်တာတော့ မဟုတ်ဘူး။ ပြည်လမ်းမှာ နည်းနည်းရှိတယ်တော့ကြားတယ်။ ကန့်သတ်လိုက်တာလဲ အကောင်းဖြစ်လာဖို့လို့ပဲမှတ်ပါတယ်။ သင်္ကြန်တွင်းဆို အိမ်မှာ ၀ယ်ထားပြီး မဖတ်ဖြစ်သေးတဲ့စာအုပ်တွေ၊ ၀ယ်ထားပြီးမကြည့်ဖြစ်သေးတဲ့ အခွေတွေကြည့်ဖြစ်တယ်။ ဖတ်ဖြစ်တယ်။ အဲ့ဒါတွေကလဲ ညီမတို့အလုပ်အတွက် အများကြီးအထောက်အကူဖြစ်ပါတယ်။ သင်္ကြန်ပြီးရင်တော့ ကားရိုက်ပြန်စမယ်။ သင်္ကြန်ပြီးရင်ကားကြီး၂ကားရိုက်ဖို့ရှိတယ်။ ဒါရိုက်တာ ဦးမီးပွားနဲ့တစ်ကား၊ ကိုဝိုင်းနဲ့တစ်ကား နှစ်ကားရိုက်ဖို့ရှိပါတယ်။"လို့ သူက ပြောပြပါတယ်။
နှစ်နှစ်ပေါင်း ကျင်းပတဲ့ အကယ်ဒမီပေးပွဲနဲ့ ပတ်သက်ပြီး သူမက " ညီမဝေဖန်ဖို့ကညီမမှာ အနေအထားမရှိပါဘူး။ ညီမကိုယ်တိုင်လဲ သိပ်ပြီးနားမလည်ဘူး။ အဲ့ဒါကြောင့်ညီမ ဘယ်သူ့ကိုမှမဝေဖန်ချင်ပါဘူး။ ဆုရသွားတဲ့သူတွေ အတွက်ကတော့ ပျော်လဲပျော်ပါတယ်။ ဂုဏ်လဲယူပါတယ်။ အကယ်ဒမီဆိုတာ ညီမတို့အနုပညာရှင်တိုင်း လိုချင်ကြတဲ့ အရာတစ်ခုပါ"တဲ့။
သင်္ကြန်နဲ့ပတ်သက်ပြီး သူမရဲ့ ဆုတောင်းစကားကတော့  "ပရိသတ်ကြီးအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့နှစ်သစ်ကူးသင်္ကြန်ကို အန္တရယ်ကင်းစွာပျော်ကြပါ" ပဲ ဖြစ်ပါတယ်။
ခင်ဆွေသက် 
Trend Myanmar

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment