မိခင်အရင်းကို သားမယား ပြုကျင့် ခဲ့သူ မိခင်ကိုယ်တိုင် ရဲစခန်းတွင် တိုင်ချက်ဖွင့်


News on 1April 2016

မိခင်အရင်း ကို မုဒိန်းကျင့်ပြီး ခြိမ်းခြောက်ခဲ့သူ ထိုင်းနိုင်ငံသားတဦးအား ရဲတပ်ဖွဲ့ ဝင်တွေ က လိုက်လံ ရှာဖွေဖမ်းဆီးနိုင်ခဲ့ကြောင်းManager online သတင်းမှာဖေါ်ပြထားပါတယ်။

သရမ် ပြည်နယ် ဟွေ့ ယော့ ခရိုင် အတွင်း နေထိုင်နေသူ အနုချ ခွန်ပီချိုင်း (၄၇ )နှစ် ရာဘာခြံအလုပ်သမား ဟာ အသက် (၆၂ )နှစ်ရှိပြီဖြစ်တဲ့ မိခင်အရင်းကို အရက်မူးလာပြီးနောက် မနက်လေးနာရီမှာ မိခင် အိပ်နေတဲ့ ဆိုင်ခန်းအတွင်း ၀င်လာပြီး အလိုမတူပဲ သားမယားအဖြစ် ပြုကျင့် ခဲ့ပါတယ်။

မိခင်က ပါတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခဲ့ပေမယ့် ရာဘာတော မှာ အိမ်နီးချင်းတွေက ဝေးနေတာရယ် သားဖြစ်သူက အသက်အန္တရယ်ပေး မယ့်အထိ ခြိမ်းခြောက်ခဲ့လို့ အမေ့အသက်ကိုချမ်းသားပေးပါလို့ သာ တောင်းဆိုခဲ့ပါတယ်။

မိခင်ဖြစ်သူရဲ့  ရဲတပ်ဖွဲ့  ကို လာရောက်အမှုဖွင့် ရတာကတော့ သားဖြစ်သူဟာ ကိုယ့်အမှားကို မသိတဲ့အပြင် မိခင်ဖြစ်သူ ကို နောက်တနေ့  အလုပ်ပြီးတဲ့အခါ ညပိုင်းထပ် လာခဲ့မယ် လို့  ပြောသွားခဲ့ တာကြောင့် ရာဘာတောကနေ ထွက်ပြေးခဲ့ရတယ်လို့  ပြောခဲ့ပါတယ်။

ရဲတပ်ဖွဲ့ ဝင်တွေက တရားခံ ပုန်းနေတဲ့ ရာဘာတောနေရာကို လိုက်လံ ရှာဖွေဖမ်းဆီးနိုင်ခဲ့ပါတယ်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment