စစ်ပွဲများ၊ ပဋိပက္ခများနဲ့ မတည်မငြိမ်ဖြစ်နေပြီး မငြိမ်းချမ်းနိုင်တဲ့ ကမ္ဘာကြီးကိုရော တိုင်းနိုင်ငံတွေပါ မည်သူကမှ မမြင်လိုချင်ကြတာ အမှန်ပါ။ တည်ငြိမ်အေး ချမ်းပြီး မေ တ္တာတရားခြုံလွှမ်းထားတဲ့ ကြင်နာသနားစာနာမှုပြည့်နှက်နေရာ လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်တည်ရှိစေမယ့် ထာဝရငြိမ်းချမ်းရေးတည်ငြိမ်ရာကမ္ဘာ ကြီးနဲ့ တို င်းနိုင် ငံတို့ကိုသာ လူတိုင်းက မြင်လို၊ ရလိုချင်ကြမှာဖြစ် ပါတယ်။ ဒါကြောင့်မို့ငြိမ်းချမ်းရေးအတွက် ကိုယ်တတ်နိုင်သမျှ အနုပညာဖျော်ဖြေမှုနဲ့ ရုပ်ရှင်၊ သဘင်၊ ဂီတနယ် ပယ်တို့ က အားတက်သရောပါဝင်ကြတာမို့ နယ်ပယ်အလိုက်အအစည်းအရုံးများရဲ့ ငြိမ်းချမ်း ရေးစကားသံများကို စုစည်းဖော်ပြလိုက်ပါတယ်။
ပန်တျာဦးမြကြည်
(ဥက္ကဋ္ဌ၊ သဘင်အစည်းအရုံး-ဗဟို)
(ဥက္ကဋ္ဌ၊ သဘင်အစည်းအရုံး-ဗဟို)
” ငြိမ်းချမ်းရေးဆိုတာ လူတိုင်းအတောင့်တဆုံးအမျှော်လင့်ဆုံးပါ။ ကမ္ဘာကြီးနဲ့ချီမှ ငြိမ်းချမ်းရေးမဟုတ်ပါဘူး။ မိမိမိသားစုမှာလည်း ငြိမ်းချမ်းဖို့လိုသလို မိမိပတ်ဝန်းကျင်မှာ လည်း ငြိမ်းချမ်းရေး၊ မိမိတိုင်းပြည်မှာလည်း ငြိမ်းချမ်းရေး၊တစ်ကမ္ဘာလုံးမှာ ငြိမ်းချမ်းတဲ့အချိန်ဆိုရင်တော့ ပိုပြီးတော့မျှော်လင့်ဝမ်းသာတာပေါ့။ ငြိမ်း ချမ်းရေးကို တကယ် အလေးအနက်ထားပါတယ်။ ငြိမ်းချမ်းရေးအတွက်လည်းအတတ်နိုင်ဆုံးဘယ်နေရာပဲဖြစ်ဖြစ် တစ်ထောင့်တစ်နေရာကနေပြီးတော့ ပါဝင်ဆောင်ရွက်ပေးဖို့လည်းရှိပါတယ်”
ဦးလူမင်း (ဥက္ကဋ္ဌ၊ ရုပ်ရှင်အစည်းအရုံး)
” ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အနုပညာရှင်ရယ်၊ ပြည်သူရယ်၊ အစိုးရဝန်ထမ်းရယ်၊ နိုင်ငံရေးသမားရယ်ဆိုပြီးတော့ သီးခြားမရှိပါဘူး။ ငြိမ်းချမ်းရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အားလုံးက အတူတူပါပဲ။ အဲဒီငြိမ်းချမ်းရေးဆိုတဲ့အရာကိုလည်း လူတိုင်းလိုချင်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ အိပ်တဲ့အခါမှာ အပူအပင် ကင်း ကင်းနဲ့ အိပ်ပြီးတော့ စိုးရိမ်ကြောင့်ကြမှုကင်းစွာနဲ့ နိုးထနိုင်ဖို့ပါ။ အဲဒါငြိမ်းချမ်းရေးပါ။”
ဦးတင်ဦးလေး
(ဥက္ကဋ္ဌ၊ ဂီတအစည်းအရုံး)
(ဥက္ကဋ္ဌ၊ ဂီတအစည်းအရုံး)
” ငြိမ်းချမ်းရေးကိစ္စတွေကို ဦးဆောင်ဦးရွက် တစိုက်မတ်မတ်ပြုလုပ်နေကြသူတွေကို ကြိုဆိုပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ ထာဝရလည်း ငြိမ်းချမ်းရေးတည် တည် တံ့ တံ့နဲ့ အဓွန့်ရှည်အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်”
Source:Popular
0 comments:
Post a Comment